ပစ္စည်းပို့တဲ့အမျိုးသား ပျောက်ဆုံးပြီးနောက် အလောင်း ပြန်တွေ့

ဇန်နဝါရီ ၆ရက်က ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ်မှာ နေထိုင်သူ အမျိုးသား တစ်ဦးဟာ အငှားယာဉ်နဲ့ ပစ္စည်း
လိုက်ပို့ရာက မိသားစုနဲ့ အဆက်အသွယ် ပြတ်ကာ ပျောက်ဆုံးခဲ့ပြီးနောက် တကိုယ်လုံး တုပ်နှောင်ခံထားရတဲ့
အလောင်းကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ သတင်းရရှိပါတယ်။
တွံတေးမြို့နယ် မလက်တိုခတ္ထယဖြတ်လမ်းဘေးတွင် ပျောက်ဆုံးနေသည့် အငှားယာဉ်မောင်းတစ်ဦးရဲ့ အလောင်းကို
တွေ့ရှိခဲ့ခြင်းဖြစ်ပါသည်။