ကင်ဆာစစ်ဆေးမှုအပြီး ခွဲစိတ်မှုပြုလုပ်ဖို ကန်သမ္မတကတော် စီစဉ်ထား

အမေရိကန်သမ္မတဂျိုးဘိုင်ဒင်ရဲ့ ဇနီး Jill Biden ဟာ မကြာသေးမီက ကင်ဆာစစ်ဆေးမှုခံယူနေစဉ်အတွင်း
တွေ့ရှိခဲ့ရတဲ့ အရေပြားဒဏ်ရာကို ခွဲစိတ်ကုသမှုပြုလုပ်သွားမယ်လို သိရပါတယ်။ ဒီလနှောင်းပိုင်းမှာ ပြုလုပ်သွားမှာဖြစ်
ပြီး စစ်ဘက်ဆိုင်ရာဆေးရုံမှာ စီစဉ်ထားတယ်လို သူမရဲ့ ရုံးက သတင်းထုတ်ပြန်ခဲ့ပါတယ်။
အိမ်ဖြူတော်ဆရာဝန် Kevin O’Connor က ပုံမှန်အရေပြားကင်ဆာစစ်ဆေးပေးနေချိန် သမ္မတကတော်ရဲ့
ညာဘက်မျက်လုံးအထက်မှာ ဒဏ်ရာတခုတွေ့ရှိခဲ့ကြောင်းဖွင့်ဟခဲ့ပြီး ဗုဒ္ဒဟူးနေ့က ခွဲစိတ်မယ့်အကြောင်းကို ကြေညာ
ခဲ့တာပါ။ ဆရာဝန်တွေက အဆိုပါဒဏ်ရာကို ဖယ်ရှားဖို အကြုံပြုခဲ့ကြပြီး တစ်ရှူးတွေကိုဖယ်ရှားဖိုနဲ့ Mohs လို
ခေါ်တဲ့ ပုံမှန်ပြင်ပလူနာခွဲစိတ်မှုတခုပြုလုပ်မယ်လိုလည်း ဆိုပါတယ်။ ဒီခွဲစိတ်မှုကို ဇန်နဝါရီ ၁၁ ရက်နေ့မှာ စတင်မယ်
လို့ ဆိုပါတယ်။