ဇွန်လ၇ ရက်နေ့မှုခင်းသတင်းများ

-ဇွန်လ ၆ ရက်နေ့၁၈၂၅ နာရီချိန်တွင် ထန်းတပင်မြို့နယ်၊ ရိုးကြီးကျေးရွာတွင်နေထိုင်သော မသဲမာလာဝင်း(၄၂) နှစ်နှင့် မဆောင်းသဇင်ဦး (၂၄) နှစ် လှိုင်သာယာမြို့ နေထိုင်သူတို့သည် အေးမေတ္တာလမ်း၊ မိဘမေတ္တာမူကြိုကျောင်းအတွင်း ရှိနေစဉ် အကြမ်းဖက်သမား ၄ ဦးမှ သေနတ်ဖြင့်ပစ်ခတ်သွားသဖြင့် ၎င်းတို့ ၂ ဦးမှာ အခင်းဖြစ်ပွားရာတွင်သေဆုံးသွားခဲ့ကြောင်း သိရှိရ..

-ဇွန်လ ၆ ရက်နေ့ ၂၀၂၀ နာရီချိန်တွင် တွံတေးမြို့နယ်၊ ဆိပ်ကြီးကျေးရွာတွင်နေထိုင်သော ဦးထွန်းအောင်ကျော်(ခ) ဖိုးခွား(၄၈) နှစ်နှင့် ဇနီးဖြစ်သူ ဒေါ်မြသီတာ ငါးကန်လုပ်ကိုင်သူ တို့သည် နေအိမ်၌ ရှိနေစဉ် နေအိမ်နှင့် ပေ ၁၀၀ ခန့်အကွာ ချောင်းစပ်မှ အကြမ်းဖက်သမား(၅) ဦးမှ စက်လှေဖြင့် ရောက်ရှိလာပြီး သေနတ်ဖောက်၍ ရွှေဆွဲကြိုး ၁ ကုံး၊ ရွှေဆွဲပြား ၁ခု၊ လက်စွပ် ၁ကွင်း၊ နားကပ် ၁ ရံ၊ လက်ကိုင်ဖုန်းနှင့် ငွေကျပ် ၃၂ သိန်းခန့်တို့အား ယူဆောင်ထွက်ပြေးသွားခဲ့ကြောင်း သိရှိရ..

-ဇွန်လ ၆ ရက်နေ့ ၁၀၀၀ နာရီချိန်တွင် နွားထိုးကြီးမြို့နယ်၊ ကုက္ကိုလ်ဇီးကျေးရွာတွင်နေထိုင်သော ဦးထွန်းနိုင်(ခ)ဦးချစ်ပို (၄၁) နှစ်သည် ၎င်းပိုင်ဆိုင်သော ယာခင်းအတွင်း ရှိနေစဉ် အကြမ်းဖက်သမား ၂ ဦးမှ ဆိုင်ကယ် ၂ စီးဖြင့် ရောက်ရှိလာပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်သွားခဲ့သဖြင့် ဦးထွန်းနိုင်(ခ) ဦးချစ်ပိုမှာ သေနတ်ဒဏ်ရာများဖြင့် နေရာတွင်ပင်သေဆုံးသွားခဲ့ကြောင်း သိရှိရ…