တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်များတွင် နေ့သင်တန်းများအားလုံး ကျောင်းအပ်လက်ခံခြင်းကို အောက်တိုဘာ ၂၇ ရက်မှ နိုဝင်ဘာ ၁၈  ရက်အထိ လက်ခံဆောင်ရွက်ပေးမည်

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်များတွင် ပထမနှစ်(ဒုတိယနှစ်ဝက်)နှင့် ဒုတိယနှစ်မှ မဟာဘွဲ့သင်တန်းများအထိ နေ့သင်တန်းများအားလုံးကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ(၁၀)ရက်တွင် ဖွင့်လှစ်မည်ဖြစ်ပါတယ်။ ကျောင်းအပ်လက်ခံခြင်းကို (၂၇-၁၀-၂၀၂၂)ရက်မှ (၁၈-၁၁-၂၀၂၂)ရက်အထိ(စနေနေ့နှင့် တနင်္ဂနွေနေ့များအပါအဝင်) လက်ခံ ဆောင်ရွက်ပေးမည် ဖြစ်ပြီး၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများအတွက် ပထမနှစ် (ပထမနှစ်ဝက်)နေ့ သင်တန်းများကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၂၁)ရက်တွင် စတင်ဖွင့်လှစ်မည် ဖြစ်ကြောင်း အဆင့်မြင့်ပညာဦးစီးဌာနက ဖော်ပြထားပါတယ်ရှင်။