မန်ယူကို ပေါင် သန်း ၆၀ နဲ့ ပြောင်းရွှေ့မဲ့ မေဆွန်မောင့်

ချယ်လ်ဆီးကို ချန်ပီယံလိဂ်ဖလားရစေမဲ့ ဂိုးဖန်တီးရှင် ကွင်းလယ်တိုက်စစ်ကြယ်ပွင့် မေဆွန်မောင့်ဟာ မန်ယူကိုလာဖို့အတွက် နှစ်သင်းအကြား ပေါင် ၅၅ သန်း(+၅ သန်း) နဲ့ သဘောတူလိုက်ပြီဖြစ်ပါတယ်။
မန်ယူကို မရောင်းချရင် လာမဲ့နှစ်မှာ အလွတ်ထွက်ခွာခွင့်ပေးရမဲ့ မေဆွန်မောင့်အတွက် ချယ်လ်ဆီးဟာ သူလိုချင်တဲ့ ပေါင်သန်း ၇၀ ရဖို့ စျေးထပ်မကိုင်တော့ဘဲ ပေါင် ၅၅ သန်း အပိုဆုကြေး ၅ သန်းနဲ့ပဲ သဘောတူလိုက်တာပါ။
မေဆွန်မောင့်ဟာ မန်ယူမှာ တစ်ပတ်လစာ ပေါင် ၂၅၀၀၀၀ ရမှာဖြစ်ပြီး အပိုဆုကြေးနဲ့ဆို ပေါင် သုံးသိန်းလောက် ခံစားခွင့်ရမှာပါ။ မန်ယူက မာတီနက်ကြီးနဲ့လည်း ရန်ထပ်မဖြစ်ရတော့ဘူးပေါ့..