အလွဲသုံးစားမှုနဲ့ ထောင်ဒဏ်(၁၆)နှစ်ကျခဲ့တဲ့ ဗီယက်နမ်ကမ်းခြေစောင့်တပ်မှူးဟောင်း

စစ်ဘက်ဆိုင်ရာဝယ်ယူရေး သဘောတူညီမှုများမှ ဒေါ်လာ ၂ သန်းအလွဲသုံးစားလုပ်မှုဖြင့် အပြစ်ရှိကြောင်းတွေ့ရှိခဲ့တဲ့ ဗီယက်နမ်ကမ်းရိုးတန်းစောင့် ကွန်မန်ဒါဟောင်းတစ်ဦးကို ဗီယက်နမ်စစ်ဘက်ဆိုင်ရာ တရားရုံးတစ်ခုက ကြာသပတေးနေ့မှာ ထောင်ဒဏ် ၁၆ နှစ်ချမှတ်ခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့ပါတယ်။

အသက် ၅၉ နှစ်ရှိ ‘ငုယင်ဗန်ဆွန်’ဟာ ကမ်းရိုးတန်းစောင့်ခေါင်းဆောင်အဖြစ် တာဝန်ထမ်းဆောင်စဉ် ဗီယက်နမ်ဒေါင်ငွေ ၅၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂.၁၂ သန်း)ခိုးယူမှုကို စီစဉ်ခဲ့သူလို စွဲချက်တင်ခံရကာ ဒီဖြစ်ရပ်ဟာ ကာကွယ်ရေးဌာနရဲ့ပုံရိပ်ကို ပြင်းပြင်းထန်ထန်ထိခိုက်စေတယ်လို VOV က ဖော်ပြလိုက်ပါတယ်။