တရုတ်ကြီးကို နားရွက်တံထွေးစွတ်လိုက်တဲ့ KIA

တရုတ်နိုင်ငံမှ တပ်မတော်ဆိုင်ရာကိုယ်စားလှယ်များလိုက်ပါလာသည့်ယာဉ်တန်းကို KIAအဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

တရုတ်နိုင်ငံ ကောင်စစ်ဝင်တစ်ဦးပါဝင်သည့် အဖွဲ့သည် ဇွန်လ ၂၇ ရက်က ကချင်ပြည်နယ် မြစ်ကြီးနားမြို့အနီး၌ တည်ဆောက်မည့် နန်ကျင်းစီးပွားရေးဇုန်နှင့်ပတ်သက်ပြီး ဆွေးနွေးရန် မြစ်ကြီးနားသို့ ထွက်ခွါလာစဉ်အချိန်၌ ပစ်ခတ်ခံရခြင်းဖြစ်သည်။

အဆိုပါ ယာဉ်တန်းတွင် တရုတ်နိုင်ငံမှကောင်စစ်ဝင်လည်း ပါဝင်ခြင်းမရှိသကဲ့သို့ နန်ကျင်းစီးပွားရေး ဇုန်နှင့် ပတ်သက်သည့် ကိစ္စလည်းမဟုတ်ဘဲ နယ်စပ်ဒေသလုံခြုံရေးနှင့် ပတ်သက်သည့် အစည်းအဝေးကို တက်ရောက်ရန်လာသည့် တရုတ်နိုင်ငံမှ တပ်မတော်ဆိုင်ရာ ကိုယ်စားလှယ်များသာဖြစ်ပါသည်။

အဆိုပါ ကိုယ်စားလှယ်များကို တပ်မတော်နှင့် နယ်ခြားစောင့်တပ်ဖွဲ့မှ လုံခြုံရေးတပ်ဖွဲ့များက သွားရောက်ကြိုဆိုခဲ့ခြင်းဖြစ်ပြီး ပစ်ခတ်ခဲ့တဲ့အဖွဲ့တွေကတော့ KIA အဖွဲ့ဖြစ်ပြီး ရည်ရွယ်ချက်ကတော့ ပစ်ခတ်ပြီးတဲ့နောက်ပိုင်းမှာ တရုတ်-မြန်မာ နှစ်နိုင်ငံနဲ့ ပြီးရင် နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်ကြားမှာ အထင်လွဲမှုတွေဖြစ်လာအောင် သွေးထိုးလှုံ့ဆောင်နေခြင်းဖြစ်ပါသည်။ အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်ပြီး လုံခြုံရေးအရ အရေးယူဆောင်ရွက်မှုများကို ဆက်လက်ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။