မတ်ပဲဈေးဘာကြောင့်ကျလို့ ပဲစင်းငုံနီ ဘာကြောင့်တက်

ယခုတစ်ပတ်အတွင်းမှာတော့ မတ်ပဲဈေးတွေဟာ တောက်လျှောက်ကျဆင်းခဲ့ပြီး ပဲစင်းငုံနီကတော့ ဈေးတွေတက်လာပါ
တယ်။ နှစ်ခုစလုံးရဲ့ ဈေးအတက်အကျတွေကတော့ အိန္ဒိယနဲ့ ဆက်စပ်နေပါတယ်။
မတ်ပဲ
လယ်ယာစိုက်ပျိုးရေးနှင့်ဈေးကွက်သတင်းအချက်အလက်အဖွဲ့(AMIA)ကတော့ အိန္ဒိယနိုင်ငံက မတ်ပဲဝယ်ယူဖို့
သက်တမ်းကို လာမဲ့ ၂၀၂၄ ခုနှစ်ထိ တိုးမြှင့်လိုက်တဲ့အတွက် ပဲဝယ်ယူမှုက အေးသွားပြီး ဈေးက ကျဆင်းသွားတာ
ဖြစ်တယ်လို့ သုံးသပ်ပါတယ်။ ဒါ့အပြင် လက်ရှိ မတ်ပဲ CNF ပေါက်ဈေးကလည်း လျော့နည်းနေပြီး အိန္ဒိယနိုင်ငံမှာ
လည်း ဆောင်းမတ်ပဲ အထွက်နှုန်းတိုးတယ်ဆိုတဲ့ သတင်းတွေကြောင့် မတ်ပဲက နေ့စဉ်နဲ့အမျှ ကျဆင်းနေခဲ့တာ
ဖြစ်တယ်လို့လည်း AMIA က သုံးသပ်ပါတယ်။
ရန်ကုန်ဈေးကွက်မှာ မတ်ပဲက တစ်တန်ကို ၁၆ သိန်း ၄ သောင်းပေါက်ဈေးရှိနေပြီး ပြီးခဲ့တဲ့ အပတ်နဲ့ နှိုင်းယှဉ်ရင်
တစ်တန်ကို ၄ သောင်းကျော်ဈေးကျဆင်းသွားတာပါ။
မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၁၅၆၀၀၀ ကနေ ၁၆၀၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၄၀၀၀ ကျပ်
ဈေးကျဆင်းသွားပါတယ်။
မုံရွာဈေးကွက်၊ အောင်လံဈေးကွက်၊ မော်လမြိုင်ဈေးကွက်၊ ပြည်ဈေးကွက်တို့မှာတော့ မတ်ပဲက တစ်တင်းကို
၅၂၅၀၀ ကနေ ၅၃၅၀၀ ကြားပေါက်ဈေးရှိပြီး တစ်တင်းကို ၃၅၀၀ လောက် ဈေးကျ ဆင်းသွားတယ်လို့ သိရပါ
တယ်။
ပဲစင်းငုံနီ
ပဲစင်းငုံနီကတော့ ဈေးကွက်ထဲ ပစ္စည်းလက်ကျန်မရှိတဲ့အတွက် အသစ်ထွက်လာတဲ့ပဲတွေ အဝယ် လိုက်ပြီး ဈေးတက်
နေတာ ဖြစ်တယ်လို့ AMIA က သုံးသပ်ပါတယ်။ အိန္ဒိယနိုင်ငံက ပဲစင်းငုံနီ အထွက်နှုန်းလျော့နည်းမယ်ဆိုတဲ့
သတင်းတွေကြောင့် ရေရှည်မှာ ဈေးက တက်နေဦးမယ်လို့ ကုန်သည် တွေရဲ့ ခန့်မှန်းမှုတွေကြောင့်လည်
အဝယ်သွက်ပြီး ဈေးတက်နေတာ ဖြစ်ပါတယ်။
ဒါပေမဲ့ တင်ပို့မှုကို ၂၀၂၄ ထိ သက်တမ်းတိုးလိုက်တဲ့အတွက် လာမဲ့ ရေတိုကာလအတွင်းမှာတော့ ပဲစင်းငုံနီက
ဈေးအေးမဲ့အနေအထားမှာ ရှိနေပြီး သိုလှောင်နိုင်ရင် အကျိုးအမြတ်ရှိလာနိုင်တယ်လို့ ကုန်သည် အများစုက သုံးသပ်
ပါတယ်။ ဒါပေမဲ့ အိန္ဒိယနိုင်ငံရဲ့ ပဲစင်းငုံနီ တင်သွင်းမှုအခြေအနေကို စောင့်ကြည့်ဖို့တော့ လိုအပ်ပါတယ်။
ရန်ကုန်ဈေးကွက်မှာ ပဲစင်းငုံနီက တစ်တန်ကို ၁၇ သိန်း ၇ သောင်းနီးပါးပေါက်ဈေးရှိပြီး တစ်တန်ကို ၂ သောင်း
ကျော်ဈေးတက်လာပါတယ်။
မန္တလေးဈေးကွက်မှာလည်း ပဲစင်းငုံနီက တစ်အိတ်ကို ၁၆၅၀၀၀ ကနေ ၁၆၆၀၀၀ ကြား ပေါက်ဈေး ရှိနေပြီး
တစ်အိတ်ကို ၁၀၀၀ လောက် ဈေးတက်ပါတယ်။
နယ်ဈေးကွက်တွေဖြစ်တဲ့ ပခုက္ကူ၊ မုံရွာ နဲ့ အောင်လံဈေးကွက်မှာတော့ တစ်တင်းကို ၅၅၀၀၀ ကနေ ၅၆၀၀၀
ကြား ပေါက်ဈေးရှိနေပြီး တစ်တင်းကို ၁၀၀၀ လောက်ဈေးမြင့်တက်လာပါတယ်။
(လယ်ယာစိုက်ပျိုးရေးနှင့်ဈေးကွက်သတင်းအချက်အလက်အဖွဲ့(AMIA) က ပေးပို့လာသည့် တစ်ပတ်တာအတွင်း
ဈေးကွက်သုံးသပ်ချက်ကို ကိုးကားပြီး ပြန်လည်ဖော်ပြခြင်းဖြစ်ပါသည်။)
(အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြသည်)