ပုသိမ်မြို့အကျဉ်းထောင်တွင် အကျဉ်းသား၊ အချုပ်သားများ အကြမ်းဖက်မှုဖြစ်ပွား

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ အကျဉ်းထောင်မှာ အကျဉ်းသား၊ အချုပ်သား ၇၀ ဦးခန့်သည် ယနေ့ နံနက်ပိုင်းတွင် အိပ်ဆောင်ဝန်းတံခါးများကို ချိုးဖျက် ဖျက်ဆီးခြင်း၊ ဝန်ထမ်းများကို အော်ဟစ်ဆဲဆိုခြင်း၊ ရန်မူရန် ကြိုးပမ်း လာခဲ့သဖြင့် ဝန်ထမ်းများက မိမိအခန်းများသို့ ပြန်လည်ဝင်ရောက်ရန် ဖျောင်းဖျပြောဆိုခဲ့သော်လည်း လိုက်နာမှုမရှိဘဲ ၊CCTV များအား ၊ ဖျက်ဆီးမှုများကို အရှိန်မြှင့်  ဆောင်ရွက်လာကြပါသည်။   

       ဖြစ်စဉ်အရ တာဝန်ရှိသူများကထိန်းချုပ်ခဲ့ရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် ၂ ဦး၊ အကျဉ်းဦးစီးဌာနမှ ဝန်ထမ်း ၉ ဦး၊ ပေါင်း ၁၁ ဦး ဒဏ်ရာရရှိခဲ့ပြီး အချုပ်သား ၁ ဦးမှာ ၎င်းတို့ အချင်းချင်း ရိုက်နှက်မှုကြောင့် သေဆုံးခဲ့ကာ အကျဉ်းသား၊ အချုပ်သား ၆၃ ဦးမှာ ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။