မြန်မာ(တိုင်းရင်းသားအားလုံး)သူစိမ်းတွေကိုသာ တိုက်ကြစမ်းပါ

ရှမ်းမြောက်မှာ ညီနောင်သုံးဖော်ဆိုပြီး မြန်မာနဲ့သွေးရင်း၊ မြန်မာစာတတ်၊ မြန်မာစကားပြောတတ်ပြီး ယဉ်ကျေးမှုမကွဲပြားတဲ့ AA၊ TNLA တို MNDAA တိုစတဲ့ မြန်မာစကားမပြော၊ မြန်မာငွေမသုံး၊ မြန်မာတိုထုံးနဲ့လုံးဝမနီးစပ်တဲ့သူတွေနဲ့ပူးပေါင်းပြီး ညီနောင်သုံးဖော်‌ဆိုပြီး မြန်မာ့တပ်မတော်ကို တိုက်တယ်။

အဲ့အထဲမှာ … ပြည်သူ့ကာကွယ်ရေးတပ်လိုအမည်ခေါ်တဲ့ PDF (မြန်မာလူငယ်အများစု)ကပါ .. လက်တွဲပြီးတိုက်တယ်။

ဘယ်သူပဲရှုးရှုး၊ ဘယ်သူပဲနိုင်နိုင်.. သေဆုံးသွားတဲ့လူတွေဟာ မြန်မာတိုင်းရင်းသားအများစုမို့ ကြည့်ရင်း ရင်နာရတယ်။

အခု..မြန်မာ့တပ်မတော်က စခန်းတွေဆုတ်ခွာလို ရှမ်းမြောက်တစ်ခုလုံး ညီနောင်သုံးဖော်က သိမ်းပိုက်လိုက်ပါပြီတဲ့ … ဘယ်အစိတ်အပိုင်းမှာ၊ ဘယ်နေရာမှာ
“ချင်းအမျိုးသားအလံ ထောင်ခဲ့ရလဲ”
“ရခိုင်အမျိုးသားအလံ ထောင်ခဲ့ရလဲ”
“PDF အလံ ထောင်ခဲ့ရလဲ”

ကျွန်မ မြင်တာတော့.. MNDAA နဲ့ TNLA အလံတွေကြီးပဲ။

မြန်မာပြည်က ပြည်သူတွေအတွက် တော်လှန်ရေးလုပ်တာပါဆို… အခု..အဲ့နယ်မှာ.. ဗမာမလာရ၊ မြန်မာစကား ပြောသူမဝင်ရ၊ မြန်မာပိုက်ဆံမသုံးရ။ မြန်မာတိုကိုးကွယ်တဲ့ ဘာသာတရားတွေကို ဖျက်စီးကြ။
မြန်မာတစ်မျိုးသားလုံးကို ကိုယ်စားပြုခဲ့တဲ့..ကိုယ်စားပြုထားတဲ့..

“မြန်မာနိုင်ငံတော်အလံ” ကို နင်းချေပစ်လိုက်ကြပြီလေ။

အခုထိ..ဝမ်းသာအားရ ရှိနေကြတုန်းလား။
ဝမ်းနည်းစရာ သိပ်ကောင်းပါတယ်။
အသင်းအဖွဲချင်း။
အဖွဲအစည်းချင်း။
လူပုဂ္ဂိုလ်ချင်း။
အမုန်းတရားတွေနဲ့…အချင်းချင်း tတ်နေကြရုံနဲ့..
ကျွန်မ တိုအားလုံး လိုချင်ကြတဲ့
“ခေတ်မီပြီး ဖွံဖြိုးတိုးတက်တဲ့ ဒီမိုကရေစီနိုင်ငံ‌တော်ကြီး”ရမှာတဲ့လား။

မြန်မာအချင်းချင်း တစ်ယောက်နဲ့တစ်ယောက် အပြစ်တင်လို မပြီးနိုင်။ tတ်လို မပြီးနိုင်သေးခင်မှာပဲ ရှင်တို/ ကျွန်မတို လုံးဝနားမလည်တဲ့ ဘာသာစကားတွေနဲ့… ရှင်တို/ကျွန်မတိုကို လုံးဝမှ ကိုယ်စားမပြုတဲ့အလံတွေထောင်သွားကြပြီလေ။

ဖြစ်ဖြစ်သမျှ…ရောဂါဘေး ၊ ရေဘေး ၊ သဘာဝဘေးတွေ..အရေးကြီးရင် သွေးနီးခဲ့ကြတာတွေမှာ… မြန်မာပြည်ထဲက..မြန်မာတိုင်းရင်းသားစစ်စစ်တွေကလွဲပြီး.. ဘယ်သူက ရှေ့ဆုံးကနေ ကူညီမှာတဲ့လဲ။

သတ္တိတွေတအားရှိကြတဲ့..မြန်မာ(တိုင်းရင်းသားအားလုံး)
တိုက်မဲ့တိုက်..သူစိမ်းတွေကို တိုက်ကြစမ်းပါ။
မ..အ ကြပါနဲ့တော့။

ယဉ်မင်း(ပန်းတောင်း)