ကြာညှပ်ဆေးရုံလူနာသယ်ယာဉ် မိုင်းဆွဲတိုက်ခိုက်ခံရ

ယနေ့ မတ်လ (၉) ရက်နေ့ နံနက် (၇)နာရီ (၃၅)မိနစ်တွင် မန္တလေးမြို့မှ ကြာညှပ်ရွာသို့ လူနာပို့၍ပြန်လာသော ကြာညှပ်ဆေးရုံမှ လူနာတင်ယာဉ်အား သပိတ်ကျင်းမြို့နယ် ရွှေကျွန်းပင်ရွာနှင့်ပေါက်တပင်ရွာကြားတွင် အကြမ်းဖက်သမားများမှ သေနတ်ဖြင့် ပစ်ခက်ကြပြီး ပေါက်တပင်ရွာနှင့် သီးကုန်းရွာကြား မိုင်တိုင် (23)မိုင်(2 )ဖာလုံတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။

အဆိုပါဖြစ်စဉ်တွင် လူထိခိုက်ဒါဏ်ရာရရှိမှုမရှိပဲ လူနာတင်ယာဉ်တွင် ရှေ့မှန်၊ နောက်မှန် ညာဘက်တံခါး၊ညာဘက်ပါးခြမ်း၊ ဘောနတ်ဖုံး၊ ရေတိုင်ကီတို့ ထိခိုက်ပျက်စီးခဲ့ရတယ်လို့သိရပါတယ်။ အကြမ်းဖက်သမားတွေဟာ စစ်ရေးပစ်မှတ်မဟုတ်တဲ့ ခုလိုလူနာသယ်ယာဉ်တွေ ဆေးရုံဆေးပေးခန်းတွေ ဘုရားကျောင်း ကန် စေတီပုထိုးတွေကို ခဏခဏ တိုက်ခိုက်ဖျက်ဆီးနေကြကြောင်းလည်းသိရပါတယ်။ #Crd