တပ်မတော်(ကြည်း၊ရေ၊လေ) ကိုယ်ခန္ဓာကြံ့ခိုင်မှုနှင့် တိုက်ပွဲဝင် စွမ်းဆောင်ရည် စစ်ဆေးမှုပြိုင်ပွဲ (ဗဟိုအဆင့်) ဆုချီးမြှင့်ပွဲ ကျင်းပ

ပထမဆုံးအကြိမ်အဖြစ် ကျင်းပသည့် တပ်မတော် (ကြည်း၊ရေ၊လေ) ကိုယ်ခန္ဓာကြံ့ခိုင်မှုနှင့် တိုက်ပွဲဝင်စွမ်းဆောင်ရည် (ဗဟိုအဆင့်) ဆုချီးမြှင့်ပွဲကို နိုဝင်ဘာလ ၁၂ ရက်နေ့မှာ ကျင်းပခဲ့ပါတယ်။

ပြိုင်ပွဲဝင် အသင်း ၁၀ သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်ရုံး အသင်းက စုစုပေါင်း ရမှတ် ၇၆၆၅ မှတ်နဲ့ ပထမဆုကို ရရှိခဲ့ပါတယ်။

ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြတဲ့ Video ဖိုင်တွေ၊ ဓါတ်ပုံလေးတွေကိုလည်း နောက်ရက်တွေမှာ ထပ်မံဖော်ပြပေးသွားပါ့မယ်။