ဆားတောင်ဈေးထဲမှာ သေနတ်လွယ်ပြီးဈေးဝယ်နေတဲ့ အကြမ်းဖက် ၂ ဦးကို အသေပစ်ခတ်ဖမ်းဆီး

စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားတောင်မြို့၊ ပင်းသင်းရပ်ကွက်၊ ဆားတောင်ဈေးထဲမှာ အကြမ်းဖက် ၂ ဦး သေနတ်လွယ်ပြီး ဈေးဝယ်နေကြောင်း အကြမ်းဖက်မှုကိုမလိုလားသည့် ပြည်သူများ၏ သတင်းပေးပို့မှုအရ လုံခြုံရေးတပ်ဖွဲ့မှ ယနေ့ (ဇွန်လ ၂၅ ရက်) နံနက် ၇ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် သွားရောက်ရှင်းလင်းခဲ့သည်ဟု သိရသည်။

ထိုသို့သွားရောက်ရှင်းလင်းခဲ့ရာ ဆားတောင်ဈေးအတွင်းရှိ OK MOBILE ဖုန်းဆိုင်တွင် ဈေးဝယ်နေသော အကြမ်းဖက်နှစ်ဦးကို တွေ့ရှိသဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ပြီး အကြမ်းဖက်သမားများမှာ နေရာတွင်ပင်သေဆုံးသွားခဲ့ပြီး အဆိုပါ အကြမ်းဖက်များထံမှ AK 47 သေနတ်တစ်လက်၊ ကျည်အိမ် ၂ ခု၊ ၎င်းကျည် ၁၀၁ ထောင့်နှင့် ဟိန်းမျိုးထက် (ဘ) ဦးနိုင်ဝင်း၊ ပေါက်မ (မြောက်)ရွာ၊ ၅/ မှတ်ပုံတင်တစ်ခုတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရပါတယ်။