ချီးမြှင့်ထိုက်သူများကို ဂုဏ်ပြုချီးမြှင့်ပေးခြင်း

(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့် (၁၂)ကြိမ်မြောက် အာဆီယံ မသန်စွမ်းသူများအားကစားပြိုင်ပွဲတို့တွင် နိုင်ငံ့ဂုဏ်ဆောင်တပ်မတော်သား အားကစားသမားများနှင့် အုပ်ချုပ်သူနည်းပြများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်ဟု သိရသည်။

အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဂုဏ်ပြုအမှာစကားပြောကြားရာ၌ မိမိတိုတတ်ကျွမ်းထားသည့် အားကစားပညာရပ်များကို အသုံးချပြီး တပ်မတော်နှင့် နိုင်ငံ့ဂုဏ်ဆောင်နိုင်အောင် “လှေခွက်ချည်းကျန် အလံမလှဲတဲ့စိတ်ဓာတ်”၊ “တုံးတိုက်တိုက်ကျားကိုက်ကိုက်စိတ်ဓာတ်” များဖြင့် အောင်မြင် မှုများရရှိအောင် စွမ်းဆောင်ခဲ့ကြသည့် အားကစားသမားများကို ယခုကဲ့သိုဂုဏ်ပြုပေးခြင်းသည် ချီးမြှင့်ထိုက်သူကိုချီးမြှင့်ပေးခြင်းနှင့် မျိုးဆက်သစ်အားကစားသမားမောင်မယ်များအနေဖြင့်လည်း တိုင်းချစ်ပြည်ချစ်စိတ်များ ပိုမိုတိုးပွားပြီး အားကျအတုယူစေ နိုင်ရေးအတွက်ပင်ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း သိရှိရပါတယ်။