ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် (RCSS) ကိုယ်စားလှယ်အဖွဲ့တွေ့ဆုံ

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) ကိုယ်စားလှယ်အဖွဲ့တို့ ဒုတိယနေ့ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ (ဇူလိုင် ၁၂ ရက်) နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့သည်ဟု သိရသည်။

တွေ့ဆုံဆွေးနွေးပွဲသို့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်နှင့် ညှိနှိုင်းရေး ကော်မတီ အဖွဲ့ဝင်များ၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)မှ အတွင်းရေးမှူး(၁) စဝ်စိုင်းငင်း၊ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် စဝ်ဆောင်းဟန်နှင့် ဗဟိုဦးစီးကော်မတီဝင် စဝ်စိုင်းဟန်တို့ တက်ရောက်ကြသည်။

တွေ့ဆုံဆွေးနွေးပွဲတွင် ပထမနေ့၌ မပြီးသတ်သေးသည့်ကိစ္စရပ်များကို ဆက်လက်ဆွေးနွေး ညှိနှိုင်းခဲ့ကြပြီး ၂ ရက်တာ ဆွေးနွေးညှိနှိုင်းချက်များအရ အပြီးသတ်ရရှိလာသည့် သဘောတူညီ ချက်များကို အတည်ပြု လက်မှတ်ရေးထိုး၍ ပြန်ကြားရေးဝန်ကြီးဌာနမှ ထုတ်ဝေသော ကမ္ဘာ့ရေးရာ၊ မြန်မာ့ရေးရာ၊ တိုင်းရင်းသားရေးရာ စာအုပ်များနှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

mhtnews