တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်) ငပုတောမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေး

နိုဝင်ဘာလ ၁၂ ရက်တွင် တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)သည် ငပုတောမြို့နယ်ရှိ ဒေသခံပြည်သူ ၁၂၃၁ ဦးကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပါတယ်။

ခွဲစိတ်ကုသရန်လိုအပ်သူ အထွေထွေခွဲစိတ်လူနာ ၅ ဦး ၊ မျက်စိခွဲစိတ်လူနာ ၂၈ ဦးတို့ကို ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးခဲ့ပါတယ်၊

ဓါတ်မှန်ရိုက် လူနာ ၈ ဦး၊ အာထရာဆောင်းဖြင့် စမ်းသပ်စစ်ဆေးလူနာ ၇၃ ဦး၊ ECG ဖြင့် နှလုံးစမ်းသပ် စစ်ဆေးလူနာ ၄၄ ဦးနှင့် ဓါတ်ခွဲ စမ်းသပ်လူနာ ၃၇ ဦးတို့ကို ရောဂါရှာဖွေ စမ်းသပ်ကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့ပြီး ဆေးရုံတတ်ရောက်ရန် လိုအပ်တဲ့ လူနာများကိုလည်း နီးစပ်ရာ တပ်မတော်ဆေးရုံများသို့ ပို့ဆောင်ပေးခဲ့တယ်လို့ သိရှိရပါတယ်။