The Global New Light of Myanmar နှင့် ရုရှားနိုင်ငံ SPUTNIK Information Agency တို့ သတင်းအချက်အလက် ပူးပေါင်းဆောင် ရွက်ခြင်း သဘောတူစာချုပ်ချုပ်ဆို

ပြန်ကြားရေးဝန်ကြီးဌာန၊ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း The Global New Light of Myanmar နှင့် ရုရှားနိုင်ငံ SPUTNIK Information Agency တို့အကြား သတင်းအချက်အလက်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ခြင်း သဘောတူစာချုပ်ချုပ်ဆိုခြင်း အခမ်းအနားကို စက်တင်ဘာလ ၅ ရက်နေ့တွင် နေပြည်တော်ရှိ Horizon Lake View ဟိုတယ်၌ ကျင်းပခဲ့ပါတယ်။