ရှားစောင်းလက်ပပ်အသုံးပြုပြီး ခြများကို ဖယ်ရှားရအောင်

ခြသည်လည်း အပင်များကို ဒုက္ခပေးနိုင်သော အဖျက်ပိုးဖြစ်ပါတယ်။
ရှားစောင်းလက်ပပ်ပင်က အပင်များကို မသေစေဘဲ ခြများကို ဖယ်ရှားနိုင်ပါတယ်။
ဒါကြောင့် မိမိခြံအတွက် အန္တရာယ်ကင်းတဲ့ သဘာဝနည်းတစ်ခုဖြစ်ပါတယ်။
အလှပန်းပင်ငယ်လေးများကို တစ်ပိုင်တစ်နိုင် စိုက်တဲ့သူတွေလည်း ဒီနည်းလမ်းလေးကို အသုံးချနိုင်ပါတယ်။
ရှားစောင်းလက်ပပ်ကို ဘယ်လိုအသုံးချရမလဲဆိုရင်တော့
(၁) ရှားစောင်းလက်ပပ်ပင်က အလက်တစ်ခုကို ယူပါ။
(၂) အစိတ်အပိုင်း သေးသေးလေးတွေဖြစ်အောင် ပိုင်းဖြတ်ပြီး ကြိတ်ခြေလိုက်ပါ။
(၃) ကြိတ်ခြေထားသော ရှားစောင်းအဖတ်များကို ရေအနည်းငယ် (၁:၅ အချိုး) ဖြင့် ရောလိုက်ပါ။
(၄) ကြက်သွန်ဖြူတစ်ဥကိုလည်း အခွံနွှာပြီး ကြိတ်ချေလိုက်ပါ။
(၅) ရှားစောင်းလက်ပက်နဲ့ ကြက်သွန်ဖြူကို သမအောင်မွှေလိုက်ပါ။
(၆) ထိုအရောအနှောကို Spray ဘူးထဲသို့ထည့်ပြီး ခြံမှာခြစားနေသော နေရာများကို ဖျန်းပေးလိုက်ပါ။
သဘာဝနည်းလမ်းဖြစ်တာကြောင့် အာနိသင်ချက်ချင်းမပေးနိုင်လို့ ရက်အတော်ကြာ ထပ်ခါထပ်ခါ
ဖျန်းပေးဖို့တော့ လိုအပ်ပါတယ်။
တစ်ရက်ကို မနက်အစောနဲ့ ညနေစောင်းတွေမှာဖျန်းပေးတာက ပိုပြီးသင့်တော်ပါတယ်။
ရှားစောင်းလက်ပပ်မှာ ပါဝင်တဲ့ သဘာဝ “Aloin content” ကြောင့် အပင်ကိုယ်တိုင်မှာ အဖျက်ပိုးများ၏
တိုက်ခိုက်ခြင်းမခံရသလို ခြကဲ့သို့အချို့အင်းဆက်ပိုးများအတွက် သဘာဝပိုးပြေးဆေးအဖြစ်အသုံးပြုနိုင်ပါတယ်။ ကြက်သွန်ဖြူမှာပါတဲ့
ပြင်းထန်တဲ့ ရနံ့နဲ့ ပါဝင်တဲ့ဓာတ်က အင်းဆက်များကို ပြေးစေပါတယ်။
ခြပိုးသာမက အခြားရောဂါနှင့် အဖျက်ပိုးများကို နှိမ်နင်းနိုင်ရန် ဥယျာဉ်ထဲက သေနေသော သစ်ပင်များ၊ ပုပ်ဆွေးနေသော သစ်ကိုင်းများနှင့် အခြားအပုပ်အဆွေး အပျက်အစီးများကို ဖယ်ရှားပေးဖို့လိုပါတယ်နော်။
ဒါမှသာ ပိုးမွှားကင်းစင်ပြီး စိမ်းလန်းစိုပြေတဲ့ ပန်းပင်၊ သစ်ပင်လေးတွေကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။