ခရမ်းရောင် ဆလတ်ရွက်တွေ အကြောင်း

ခရမ်းရောင်ဆလတ်ရွက်တွေကို တစ်ပိုင်တစ်နိုင်စိုက်ပျိုးပြီး စားသုံးပေးခြင်းဖြင့် ကျန်းမာရေးကောင်းကျိုး
တွေကိုပါရရှိစေမှာဖြစ်ပါတယ်။
ခရမ်းရောင် ဆလတ်ရွက်တွေဟာ အာဟာရပြည့်ဝပြီး အရွက်ကို အဓိကထား စားသုံးရတဲ့ ဟင်းရွက်တစ်မျိုး
ဖြစ်ပါတယ်။ ၎င်းတို့ဟာ ခရမ်းရောင်ဖျော့ဖျော့ကနေ ခရမ်းရောင်ရင့်ရင့်ထိ ရှိကြပါတယ်။ ခရမ်းရောင်
ဆလတ်ရွက်တွေကို တစ်ခါတစ်ရံမှာတော့ အနီရောင်ဆလတ်ရွက်ဆိုပြီးတော့လည်း အပြန်အလှန် ရည်ညွှန်းကြတာ ရှိပါတယ်။
ခရမ်းရောင် ဆလတ်မျိုးတွေဟာ အများအပြားရှိနေပြီး ၎င်းတို့ထဲကမှ အ‌တော်များများဟာ စပ်မျိုးတွေ ဖြစ်ကြပါတယ်။
ခရမ်းရောင် ဆလတ်ရွက်တွေကို များသောအားဖြင့် အသုပ်၊ အသားညှပ် ပေါင်မုန့်၊ ဟမ်ဘာဂါ၊ အကြော်နဲ့
ဖျော်ရည် အပါအဝင် ချက်ပြုတ်နည်းအမျိုးမျိုးမှာ ထည့်သွင်းအသုံးပြုကြတာ ဖြစ်ပါတယ်။
ဆလတ်ရွက်တွေက ဘာကြောင့် ခရမ်းရောင် ဖြစ်နေတာလဲ?
ခရမ်းရောင် ဆလတ်ရွက်တွေ အဓိကဖြစ်ပေါ်စေတာက ရောင်ခြယ်ပစ္စည်းဖြစ်တဲ့ အန်သိုဆိုက်ယာနင် (Anthocyanins)
ကြောင့် ဖြစ်ပါတယ်။ ရောင်ခြယ်ဆဲလ်တွေဖြစ်ပြီး သစ်သီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေမှာ အနီရောင်၊ ခရမ်းရောင်နဲ့
အပြာရောင်တို့ကို ထုတ်လုပ်ပေးတာ ဖြစ်ပါတယ်။ ရောင်ခြယ်ပစ္စည်း Anthocyanin ပါဝင်တဲ့ ဟင်းသီးဟင်းရွက်တွေ
ကတော့ ခရမ်းရောင် ဘရိုကိုလီ(ပန်းဂေါ်ဖီစိမ်း)၊ ဥနီ၊ ငရုတ် ကောင်း၊ အနီရောင်ဂေါ်ဖီ၊ ခရမ်းရောင် ခရမ်းချဉ်သီး၊
ခရမ်းရောင်ခရမ်းသီးနဲ့ ဘယ်ရီသီး အပြင် အခြားသော အသီးအနှံတွေနဲ့ ဟင်းသီးဟင်းရွက်တွေမှာလည်း တွေ့ရတတ်ပါတယ်။
ဆလတ်ရွက်မှာ ပါဝင်နေတဲ့ ရောင်ခြယ်ဆဲလ် Anthocyanins ပမာဏဟာ ဆလတ်ရွက်ရဲ့ အရောင်အဆင်းနဲ့
အသွင်အပြင်ကို ဆုံးဖြတ်ပေးတာ ဖြစ်ပါတယ်။
ခရမ်းရောင် ဆလတ်ရွက်တွေရဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ
ဆွဲဆောင်မှုရှိပြီး တမူထူးခြားတဲ့ ခရမ်းရောင် ဆလတ်ရွက်တွေဟာ ပုံမှန် အစိမ်းရောင် ဆလတ်ရွက်တွေနဲ့ နှိုင်းယှဉ်လိုက်ပါက
တန်ဖိုးရှိတဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးအချို့ကို ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။ ခရမ်းရောင် ဆလတ်ရွက်မှာပါဝင်တဲ့
ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေဟာ ပုံမှန်အာဟာရထက်ကို ကျော်လွန်ပြီး နှစ်လိုဖွယ်ကျန်းမာရေး အကျိုးကျေးဇူးတွေကို
ပေးနိုင်တာဖြစ်ပါတယ်။ အန်သိုဆိုက်ယာနင်တွေဟာ အချို့သော ကင်ဆာရောဂါတွေနဲ့ ဇီဝဖြစ်စဉ်ဆိုင်ရာ ပြဿနာတွေအပါအဝင်
ရောဂါအမျိုးမျိုးကို ကာကွယ်ပေးနိုင်တဲ့ အခန်းကဏ္ဍကနေ ပါဝင်နေတာလည်း ဖြစ်ပါတယ်။ ဆလတ်ရွက်အားလုံးမှာ ဗီတာမင်
ကေ (K)၊ အေ (A)၊ ဘီ (B) နဲ့ စီ (C) ကဲ့သို့ အာဟာရဓာတ်အချို့ ပါဝင်နေတာ ဖြစ်ပါတယ်။ သို့ပေမဲ့ ခရမ်းရောင်
ဆလတ်ရွက်ကဲ့သော အသီးအရွက်တွေကို စားသုံးခြင်းဟာ လူသားတွေမှာ အာဟာရဓာတ်တွေကို တိုးမြင့်လာစေမှာဖြစ်ပြီး
အခြားသော ဇီဝဖြစ်ပျက်မှုဆိုင်ရာ ရောဂါအန္တရာယ်ကိုလည်း လျော့နည်းလာစေမှာ ဖြစ်ပါတယ်။
ခရမ်းရောင်ဆလတ်ရွက်စားသုံးပေးခြင်းဖြင့်…
(၁) သွေးဖိအား ထိန်ညှိပေးနိုင်ခြင်း
(၂) ကင်ဆာရောဂါများ ကာကွယ်ပေးနိုင်ခြင်း
(၃) ရောင်ရမ်းမှုများကို ဆန့်ကျင်ပေးနိုင်ခြင်း
(၄) အသည်းပျက်စီးခြင်းမှ ကာကွယ်ပေးခြင်း
(၅) အမြင်အာရုံ တိုးတက်ကောင်းမွန်စေခြင်း
(၆) ရောဂါပိုးမွှားများ ဆန့်ကျင်ပေးနိုင်ခြင်း
(၇) နှလုံးရောဂါ ကာကွယ်ပေးနိုင်ခြင်း