ခရမ်းပင် အကြီးအထွားမြန်အောင် ပြုစုစိုက်ပျိုးနည်း

ခရမ်းသီးအထွက်ကောင်းစေမယ့်စိုက်ပျိုးနည်းတွေကို ဝေမျှပြီးပြီဆိုတော့ အထွက်ကောင်းတဲ့အပြင် အပင်ကြီးထွားတာမြန်ဖို့လဲ လိုတဲ့အတွက် အကြီးအထွားမြန်စေမယ့်နည်းလေးတွေကို ထပ်မံ ဝေမျှပေးလိုက်ရပါတယ်ရှင်။ ခရမ်းပင်စိုက်ပျိုးရန် မြေကောင်းရန်လိုပါတယ်။ မြေဩဇာကောင်းရပါမယ်။ သဲနှုန်းမြေဖြစ်လျှင် ပိုကောင်းပါတယ်။
ခရမ်းပင်ဟာ အဟာရဓာတ်များများစားတဲ့ သီးနှံဖြစ်ပါတယ်။ မြေဩဇာတွေမှာ အထူးသဖြင့် အပင်ကြီးထွားသန်တဲ့
နိုက်ထရိုဂျင်များများပါတဲ့ ဓာတ်မြေဩဇာတွေကျွေးပြီး ပွင့်သီးကောင်းစေတဲ့ ဖော့စဖိတ်နဲ့ အဓိကဖြစ်တဲ့
ပိုတက်စီယမ်တွေမကျွေးရင် အပင်ကဟုန်ပြီး ကြီးပေမဲ့ အပွင့်အသီးနည်းမယ်။
ယူရီးယားက စိုက်ချိန်မှာ ၅၀ ကီလို တစ်အိပ်ထည့်သလို စိုက်ပြီး တစ်လ၊ နှစ်လ ကြာရင် တစ်အိပ်ထပ်ထည့်ရမယ်။
တီစူပါနဲ့ ပိုတက်စီယမ်က မြေပြင်တုန်း နှစ်အိတ်ထည့်ရမယ်။ စိုက်ရာမှာ စိုက်ဘောင်နဲ့ (တန်းကြား ၃ ပေ ပင်ကြား ၂ ပေ )
ကိုယ်စိုက်မယ့် ခရမ်းမျိုးလိုက်ပြီးစိုက်ပါ။ သိသိသာသာအေးတဲ့ရာသီ ၁၃° C ထက် နည်းရင်ဖြစ်စေ၊ ညအပူချိန် ၂၁°C
အောက်ရောက်ရင်ဖြစ်စေ၊ အသီးမတင်နိုင်ပါဘူး။
အသင့်တော်ဆုံးက ၂၁ မှ ၂၈°C ဖြစ်ပါတယ်။ အဲ့အပူချိန်ထက်ကျော်ရင် အသီးဖြစ်မှုနည်းပါတယ်။ အပင်နဲ့ ကိုင်းတွေများပြီး
အသီးမသီးရင် ကိုင်းတွေဖြတ်တောက်လုပ်ရပါတယ်။ ပေါင်းရှင်း၊ မြေဆွ၊ မြေကြီး အစိုဓာတ်ရအောင် တစ်ပတ်တစ်ကြိမ်ရေဖျန်းပေးရပါမယ်။ အပင်ရွှေ့စိုက်ချိန် အပင်ငယ်ဘဝ အပူဒဏ်ခံရရင် အပင်ကြီးမှု၊ အသီးအရှိန်ကျသွားနိုင်တယ်။ စိုက်တာကို ညနေရွှေ့စိုက်ရတာ၊
အပင်ငယ်စဉ် ပူပြင်းမှုများရင် ‌နေဒဏ်ကာပေးရတယ်။ အမြစ်စွဲ အပင်လန်းချိန်မှ အရိပ်ဖယ်ပေးရတယ်။
ခေါင်ညွှန့်ထိုးပိုးနဲ့ ပင်ညှိုးရောဂါကျရင်လဲ အသီးနည်းသွားမယ်။ စိုက်ပြီး ၁၅ ရက်လောက်မှာ ပေါင်းရှင်း၊ မြေဆွ၊ အစိုဓာတ်ရှိအောင်လုပ်ပြီး
ပုလဲဓာတ်မြေဩဇာ ဟင်းစားဇွန်း တစ်ဇွန်းလောက်ကို တစ်ပင်စီထည့်ပါ။
အပင်နဲ့ တစ်ထွာခွာပြီး အပင်ပတ်လည်ထည့်ပါ။ အကိုင်းတွေ ထောင်မထွက်ပဲ ခွထွက်အောင် ထိပ်ညွှန့်တွေ ချိုးဖြတ်ပေးပါ။
ပန်းပွင့်ချိန် ‌မြေဆွ မြေဩဇာထပ်ကျွေး၊ တစ်ပင်တစ်ဇွန်းပဲ။ ပဲဖတ်၊ နှမ်းဖတ်ရေ လောင်းထည့်ရတယ်။
တစ်ပင်ကို နို့ဆီဗူး တစ်ဝက်ပဲ။ အသီးကင်းတွေကိုအသီးစထွက်ချိန်မှာ ခေါင်ညွှန့်ထိုးပိုးနဲ့ သီးလုံးဖောက်ပိုးကျမယ်။
အသီးကင်းလေးတွေ အိပ်စွတ်ပေးရင်ရတယ်။
ကိုင်းတွေ အညွန့်တွေဖြတ်ပြီးရင် မြေဩဇာတော့ ကျွေးရပါမယ်။ မြေဩဇာကျွေးရင် ရေလဲ နည်းနည်းစိုအောင်ပေးရမယ်။
အပင်က ကျွေးလိုက်တဲ့ မြေ‌ဩဇာကို အရည်ပျော်မှ စားနိုင်တာဖြစ်ပါတယ်။ သဘာဝမြေဆွေး နောက်ချေးရောထည့်ပါ။
မြေသန်ရင် ဖော့စဖိတ်နဲ့ ပိုတက်စီယမ်တော့ ထည့်‌ရပါမယ်။