တပ်မတော်နဲ့ AA အပစ်ရပ်ပြီးနောက် ပိတ်ထားတဲ့ စစ်တွေ-ရသေ့တောင်-ဘူးသီးတောင် ရေကြောင်းလိုင်းပြန်ဖွင့်မည်”

မြန်မာ့တပ်မတော်နဲ့ AA အဖွဲတို အလွတ်သဘော အပစ်အခတ်ရပ်စဲပြီးနောက် ရခိုင်မှာ ပိတ်ထားရတဲ့ စစ်တွေ-ရသေ့တောင် -ဘူးသီးတောင် ရေကြောင်းလိုင်းကို မနက်ဖြန် နိုဝင်ဘာ (၂၈) ရက်နေ့မှစတင်ကာ ပြန်လည်ပြေးဆွဲခွင့်ပြုသွားမယ်လို့ ရေကြောင်း ဦးစီးဌာနမှ သိရပါတယ်။

တိုက်ပွဲတွေကြောင့် စစ်တွေမြိုကနေ ရခိုင်ပြည်နယ်မြောက်ပိုင်းမြိုနယ်အသီးသီးကိုပြေးဆွဲနေတဲ့ ရေလမ်းကြောင်းအားလုံးကို အောက်တိုဘာ (၁၈)ရက်နေ့ကစတင်ကာ ပိတ်ထားလိုက်ရတာဖြစ်ပါတယ်။

ယခုအခါ နိုဝင်ဘာ ၂၆ ရက်နေ့က မြန်မာ့တပ်မတော်နဲ့ AA အဖွဲတိုအကြား နှစ်ဘက်သဘောတူညီမှုနဲ့ အပစ်အခတ်ရပ်စဲခဲ့ပြီးနောက် နယ်စပ်ကုန်သွယ်ရေးအတွက် အဓိကကျတဲ့ စစ်တွေ-ရသေ့တောင်-ဘူးသီးတောင်ရေကြောင်းကို ပြန်လည်ဖွင့်လှစ်ပေးလိုက်ခြင်းဖြစ်တယ်လို သိရပါတယ်။