မြိုင်မြို့တွင် PDF အကြမ်းဖက်များက  ပစ်ခတ်မှုကြောင့်အပြစ်မဲ့သူနှစ်ဦးသေဆုံး 

မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်ရှိ မြို့ပေါ်ရပ်ကွက်များအတွင်းသို့ PDF အကြမ်းဖက်များက ကံကြီးကျေးရွာဘက်မှနေ၍ လက်လုပ်ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ မြိုင်မြို့ပေါ်ရှိ အမှတ်(၃) ရပ်ကွက်နေ ဦးညိုသင်း(၅၆)နှစ် (ဘ)ဦးမောင်ကြည်၏ နေအိမ်နှင့် အမှတ်(၁)ရပ်ကွက်ရှိ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းများ ပေါ်သို့ လက်လုပ်ရှော့တိုက်ဒုံးသီးများ ကျရောက်ပေါက်ကွဲ ခဲ့ပြီး ပေါက်ကွဲမှုကြောင့် ဦးညိုသင်း၏ နေအိမ်အတွင်းရှိနေသည့် ၎င်း၏ ညီမဖြစ်သူ မကျီးကန် ကျေးရွာအခြေခံပညာ မူလတန်းကျောင်းမှ မူလတန်းပြဆရာမ ဒေါ်အိမာမြင့်(၃၀)နှစ်နှင့် သားဖြစ်သူ မောင်ကျော်စံလင်း(၇)နှစ်တို့တွင် ထိခိုက်ဒဏ်ရာများ ရရှိ၍ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကာ သားငယ်ဖြစ်သူ မောင်ဇော်ဝေယံဦး(၂)လ (ဘ)ဦးရဲကိုတွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပြီး အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းဝင်းအတွင်းရှိ စာသင်ဆောင် ပြတင်းပေါက်မှန် ၅၂ ချပ် နှင့် မျက်နှာကြက် ၄၅ ချပ်တို့ ပျက်စီးဆုံးရှုံးခဲ့တယ်လို့သိရပါတယ်။