မြေနီကုန်းတံတားပေါ်ကနေ ခုန်ချဖို့လုပ်နေတဲ့ အမျိုးသမီးငယ်တစ်ဦအား ကယ်တင်နိုင်ခဲ့

ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်မှာရှိတဲ့ မြေနီကုန်းတံတားပေါ်ကနေ ခုန်ချရန်ကြိုးစားနေတဲ့ အမျိုးသမီးငယ်တစ်ဦးကို ဌာနဆိုင်ရာတာဝန်ရှိသူတွေနဲ့ ပရဟိတအသင်းတွေက အချိန်မှီ ကယ်တင်နိုင်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီဖြစ်စဥ်ဟာ အောက်တိုဘာ ၃၁ရက် ည ၁၀နာရီ ၂၀မိနစ်ခန့်က ဖြစ်ပွားခဲ့တာဖြစ်ပြီး အဆိုပါအမျိုးသမီးငယ်ဟာ မြေနီကုန်းတံတားပေါ် မြို့ထဲဘက်အဆင်း တံတားလက်ရန်းပေါ်တက်ကာ ဓါတ်မီးတိုင်ကိုကိုင်ပြီး ခုန်ချဖို့ ကြံစည်နေခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

အဆိုပါအခြေအနေ ဖြစ်ပေါ်နေစဥ်မှာ စမ်းချောင်းအရံမီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက ၎င်းအမျိုးသမီးငယ်ကို အားပေးနှစ်သိမ့်စကားပြောရင်း တဖြေးဖြေးချဉ်းကပ်သွားခဲ့ပြီးနောက် လက်ကိုဆွဲကာ ကယ်တင်လိုက်နိုင်တာပဲဖြစ်ပါတယ်။

၎င်းအမျိုးသမီးငယ်ဟာ မှော်ဘီမြို့နယ်မှာနေထိုင်တဲ့ အသက်၂၄ နှစ်အရွယ်ခန့်ရှိသူဖြစ်တယ်လို့ သိရပြီး မိသားစုကိစ္စကြောင့် ယခုကဲ့သို့ ပြုလုပ်ခြင်းဖြစ်တယ်လို့လည်း သိရရှိရတယ်လို့လည်း သွားရောက်ကူညီပေးခဲ့တဲ့ ပရဟိတအသင်းတွေရဲ့ ပြောဆိုမှုအရ သိရပါတယ်။

𝙢𝙝𝙩𝙣𝙚𝙬𝙨