နိုဝင်ဘာ ၄ ရက်နေ့မှုခင်းသတင်းများ

-နိုဝင်ဘာ ၃ ရက် ၁၁၀၀ နာရီတွင် စဉ်ကူးမြို့နယ်၊ ကျည်တောက်ပေါက်ကျေးရွာနေ ဦးဖိုးချင်း(၄၃)နှစ်နှင့် သားဖြစ်သူ နန်းဝင်း(၂၃)နှစ်တို့သည် ရွှေဘိုမြို့သို့ ဈေးဝယ်ရန် TOYOTA Light Truck (အဖြူရောင်)ယာဉ်ဖြင့် ထွက်ခွာ လာစဉ် ရွှေဘိုမြို့နယ်၊ မင်းရွာကျေးရွာအနီး အရောက်၌ အကြမ်းဖက်သူ ၅ ဦးခန့်မှ ရပ်တန့်ရန် ခြိမ်းခြောက် တားဆီးစဉ် ရပ်တန့်ခြင်းမရှိဘဲ ဆက်လက်မောင်းနှင်ခဲ့သဖြင့် အကြမ်းဖက်သူများမှ လက်လုပ်သေနတ်များဖြင့် ပစ်ခတ်ရာ ဦးဖိုးချင်းတွင် ဝဲ/ယာလက်ချောင်းများ ကျည်ထိမှန်ဒဏ်ရာ(မစိုးရိမ်ရ)၊ နန်းဝင်းတွင် နဖူး၊ ယာလျက်ဖျံ ကျည်ထိမှန်ဒဏ်ရာ(စိုးရိမ်ရ) ရရှိခဲ့သဖြင့် ရွှေဘိုမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရှိရပါသည်။

-နိုဝင်ဘာ ၃ ရက် ၀၇၃၀ နာရီတွင် ဝိုင်းမော်မြို့နယ်၊ ဆဒုံးမြို့၊ ဆဒုံး – ကံပိုက်တည်သွား ကားလမ်းဘေးရှိ လဝကရုံးအား KIA/PDF အကြမ်းဖက်ပူးပေါင်းအဖွဲ့ ခေါင်းဆောင် (စိစစ်ဆဲ) အင်အား ၁၅ ဦးခန့်မှ လက်နက်ငယ်များဖြင့် ၂၀ ချက်ခန့် ပစ်ခတ်၍ သော့များအား ရိုက်ဖျက်ကာ ရုံးအတွင်းဝင်ရောက်ရှာဖွေသွားခဲ့ပြီး အရပ်သား ၂ ဦး တို့အား ဖမ်းဆီး၍ ဆဒုံး – ကံပိုက်တည်သွား လမ်းကြောင်းအတိုင်း ဝိုင်းမော်မြို့နယ်၊ လဂျောင်ကျေးရွာ ဘက်သို့ ပြန်လည်ထွက်ခွာသွားခဲ့ကြောင်းသိရှိရ။