ချမ်းအေးသာစံမြိုနယ်တွင် လက်ဘက်ရည်ဆိုင်တစ်ဆိုင် မီးလောင်မှုဖြစ်ပွား

မန္တလေးမြို့၊ ချမ်းအေးသာစံမြိုနယ်၊ ပြည်ကြီးမျက်ရှင်ရပ်ကွက်၊ ၆၃လမ်းနှင့် ၃၃(B)လမ်းဒေါင့်ရှိ Mystery Cake & Cafe လက်ဘက်ရည်ဆိုင်တွင် ဇန်နဝါရီလ ၁၂ရက် နံနက် ၃နာရီ၆မိနစ် မှ ၃နာရီ၂၅မိနစ်အထိ မီးအားမြှင့်စက်အပူလွန်ကဲရာမှှ မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။
မီးလောင်မှုကြောင့် မီးအားမြှင့်စက်တစ်လုံး၊မုန့်ဖုတ်စက်တစ်လုံး၊ရေခဲသေတ္တာတစ်လုံး၊အလျား ၄၀၊ အနံ ၂၀ ပေရှိ အာစီ၂ ထပ် အဆောက်အဦ၊ မြေညီထပ်၊ လှေကားခွင်အဆောက်အဦးပတ်လည် မီးလောင်ပျက်စီးခဲ့ရပြီး ဆုံးရှုးမှုတန်ဖိုးမှာ သိန်း ၃၀ ကျပ်ခန့်ဖြစ်ကာ မီးပေါ့ဆစွာသုံးစွဲခဲ့သူ ဆိုင်ပိုင်ရှင်အား ဥပဒေအရ အရေးယူနိုင်ရေး ဆောင်ရွက်ရှိကြောင်းလည်း သိရသည်။