အဲရစ်တန် ဟက်ဂ်အနေဖြင့် ရာထူးမှထုတ်ပယ်ခံရနိုင်သည့် အခြေအနေသို့ ရောက်ရှိနေ

ဒတ်ချ်လူမျိုးနည်းပြ အဲရစ်တန်ဟက်ဂ်သည် မန်ယူအသင်းကို ပြီးခဲ့သည့်ရာသီတွင် စတင်ကိုင်တွယ်ခဲ့ပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ အဆင့်(၃)နေရာ၊ FA ဖလား၌ ဗိုလ်လုပွဲ၊ ယူရိုပါလိဂ်၌ ကွာတားဖိုင်နယ်ရောက်ရှိခဲ့ပြီး လိဂ်ဖလားပြိုင်ပွဲတွင် ချန်ပီယံဆု ရယူပေးနိုင်ခဲ့သည်။ 

ထို့ကြောင့် ပရိသတ်များ၏ အားပေးမှုရရှိခဲ့သော်လည်း လက်ရှိရာသီတွင်မူ လိဂ်ဖလားပြိုင်ပွဲမှ စောစီးစွာထွက်ခွာခဲ့ရခြင်းနှင့်အတူ ရလဒ်ဆိုးများနှင့် ရုန်းကန်ရလျက်ရှိသည်။ 

ထို့ကြောင့် ဂယ်ရီနဗီးလ်က ကစားသမားများ၏ ယုံကြည်မှုလျော့ပါးလာခြင်းနှင့် ပရိသတ်များ၏ အားပေးမှုကျဆင်းလာသည့်အခြေအနေမှာ နည်းပြတစ်ဦးအတွက် စိုးရိမ်စရာဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။ 

အိမ်ကွင်း၌ နှစ်ပွဲဆက် ရှုံးနိမ့်ခဲ့ခြင်းနှင့် ပတ်သက်၍မူ “ပြီးခဲ့တဲ့ညမှာ ကျွန်တော်တို့ မြင်တွေ့ခဲ့ရတာကတော့ အိပ်မက်ကဇာတ်ရုံဟာ ဘာမှမဟုတ်တဲ့ ကဇာတ်ရုံ ဖြစ်သွားခဲ့ပြီဆိုတာပါပဲ။ ယူနိုက်တက်ပရိသတ်တိုင်းက ငြီးငွေ့ထိုင်း မှိုင်းနေခဲ့ကြပါတယ်”ဟု Twitter တွင် ရေးသားခဲ့သည်။ 

တန်ဟက်ဂ်သည် မန်ယူအသင်းနည်းပြရာထူးမှ ထုတ်ပယ်ခံရရန် ပိုမိုရေပန်းစားလာကြောင်း သိရသည်။

crd;eleven