မင်္ဂလာရှိသောနံနက်ခင်းလေးပါ

🌷အသိဉာဏ်နဲ့ ရုန်းထွက်ပါ🌷

လူဆိုတာအရှုံးပေးဖို့
လူဖြစ်လာကြတာမဟုတ်ပါဘူး
ရုန်းထွက်ဖို့ လူဖြစ်လာကြတာပါ ။

လောကဓံဆိုတာ
လူတိုင်းတွေ့ရမယ့်အရှိတရားပါ
တိမ်းရှောင်လို့ လုံး၀မရနိုင်ပါဘူး ။

မရင့်ကျက် စိတ်မခိုင်ဘူးဆိုရင်
လဲကျနိုင်တဲ့အနေထားမှာရှိပါတယ် ။

စိတ်ညစ်မှုဆိုတာက
နှလုံးသွင်းမမှန်ရင် ဖြစ်တတ်ပါတယ် ။

ကိုယ့်မှာ တရားအသိတွေ
ပြည့်၀စွာ ရှိမထားဘူးဆိုရင်
ပြဿနာကြုံတိုင်း ဆင်းရဲရပါတယ် ။

ဘယ်လိုပြဿနာပဲဖြစ်ဖြစ်
နောက်ဆုံးတော့ ပြီးသွားကြမှာဖြစ်လို့
အမှားမဖြစ်အောင် ထိန်းပြီးနေပါ ။

ရုပ်ပစ္စည်းမချမ်းသာရင်နေပါစေ
စိတ်ချမ်းသာအောင် ကြိုးစားပါ ။

အခြံရံ အသိုင်း၀ိုင်း မပြည့်စုံနေပါစေ
စိတ်အပူကင်းအောင်သာ နေထိုင်ပါ ။

ဖြစ်လာသမျှလောကဓံတွေဟာ
သေခြင်းဆိုတဲ့ ဒုက္ခနှင့်စာရင်
ကြီးမားတဲ့ ကိစ္စလည်း မဟုတ်ပါဘူး ။

အသက်ရှင်နေသမျှတော့
လောကဓံတရားကို အရှုံးမပေးပါနဲ့
အသိဉာဏ်နဲ့ဖြေရှင်းနိုင်ဖို့ကြိုးစားပါ ။

🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏