ဇန်နဝါရီလ ၂၂ ရက်နေ့မှုခင်းသတင်းများ

-ဇန်နဝါရီလ ၂၁ ရက် ၁၁၀၀ နာရီတွင် တောင်သာမြို့နယ်၊ ကန်မြဲကျေးရွာနေ ဇင်မင်းနိုင်(၂၁)နှစ်သည် နေအိမ်၌ ရှိနေစဉ် အကြမ်းဖက်သမား ကျား ၂ ဦးမှ လက်နက်ငယ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့ရာ ဇင်မင်းနိုင်တွင် ဝမ်းဗိုက်၊ ဝဲပေါင်၊ ဝဲနံစောင်း ကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း သိရှိရ။

-ဇန်နဝါရီလ ၂၁ ရက် ၁၃၄၅ နာရီတွင် မင်းလှမြို့နယ်၊ ထန်းပင်ကုန်းကျေးရွာတွင် နေထိုင်သော ဦးသန်းထွန်း(၇၃)နှစ်နှင့် ဦးမောင်နိုင်(၅၅)နှစ်တို့သည် မင်းလှမြို့မှ ဆိုင်ကယ်ဖြင့် ပြန်လာစဉ် သဲကောကျေးရွာအထွက် အရောက်၌ အကြမ်းဖက်သမား ကျား ၅ ဦးမှ ဆိုင်ကယ် ၃ စီးဖြင့် လိုက်ပါလာပြီး လက်နက်ငယ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့ရာ ဦးသန်းထွန်းတွင် ရင်အုံ၊ ဝဲချိုင်း ကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် သေဆုံးခဲ့ပြီး ဦးမောင်နိုင်တွင် မေးစေ့အောက်မှ ကျည်ဖောက်ဝင် ယာပါးမှ ဖောက်ထွက်ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့။

-ဇန်နဝါရီလ ၂၁ ရက် ၀၆၀၀ နာရီတွင် ရွှေဘိုမြို့နယ်၊ သီးလုံးကျေးရွာနေ ဒေါ်မြလင်း(၆၃)နှစ်သည် မြေးဖြစ်သူ မနေခြည်ဝင်း (၁၈)နှစ်နှင့်အတူ ပန်းရံကျေးရွာသို့ သွားရောက်ရန် ဆိုင်ကယ်ဖြင့် ထွက်ခွာလာစဉ် သီးလုံးကျေးရွာထိပ် အရောက်၌ လမ်း၏ ဝဲဘက်ခြမ်းမှ လက်လုပ်မိုင်း ၁ လုံး ပေါက်ကွဲခဲ့သဖြင့် ဒေါ်မြလင်းတွင် ယာလက်မောင်း၊ ယာလက်ဖျံ၊ ယာလက်ဖမိုး၊ ခါးအောက်ပိုင်း မိုင်းစထိမှန်ဒဏ်ရာ(စိုးရိမ်ရ)၊ မနေခြည်ဝင်းတွင် နဖူး၊ ယာလက်ဖျံ၊ ယာပေါင်မှ ယာခြေကျင်းဝတ်အထိ မိုင်းစထိမှန်ဒဏ်ရာ(စိုးရိမ်ရ) ရရှိခဲ့။