တရုတ်နှင့်မြန်မာ ပူးပေါင်းဆောင်ရွက်ခြင်းမှာ မြန်မာပြည်သူများ၏ လူမှုဘဝနှင့် စီးပွားရေးဖွံဖြိုးမှုအတွက် အကူအညီပေးရန်ဖြစ်

မြန်မာနှင့် တရုတ် ပူးပေါင်းဆောင်ရွက်ခြင်းသည် မြန်မာပြည်သူများ၏ လူမှုဘဝဖွံဖြိုးတိုးတက်ရေးအတွက် ကူညီပေးရန်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်က ပြောသည်။

ဧပြီလ (၆) ရက်က နေပြည်တော်တွင် စီးပွားကူးသန်းဝန်ကြီး ဦးအောင်နိုင်ဦးနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံ အမတ်ကြီးတို တွေ့ဆုံစဉ် ယခုလို ပြောကြားခဲ့ခြင်း ဖြစ်သည်။

“တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံ ပူးပေါင်းဆောင်ရွက်မှုဟာ မြန်မာနိုင်ငံနဲ့ ပြည်သူများကို ဦးတည်ပြီး မြန်မာနိုင်ငံရဲ့ စီးပွားရေးနဲ့ ပြည်သူလူထုဘဝ ဖွံဖြိုးတိုးတက်ရေးအတွက် ကူညီပေးရန် ဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့ ဂရုပြုမှုကို မြန်မာနိုင်ငံမှ အလေးထားပြီး နှစ်ဦးနှစ်ဖက် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နိုင်ရေးအတွက် ပတ်ဝန်းကျင်ကောင်းတွေ ပိုမိုဖန်တီးပေးရန် မျှော်လင့်ပါတယ်” ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် Mr. Chen Hai ကပြောသည်။