လပွတ္တာမြို့နယ်ရှိ ကျေးရွာများမှ ပြည်သူများမုန်တိုင်းရှောင်ရန် မြို့ပေါ်သို့ ပြောင်းရွှေ့လာ

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့၊ အောက်ဘက်ကျေးရွာများမှ ထောင်နှင့်ချီသည့် ပြည်သူများ မုန်တိုင်းရှောင်ရန် လပွတ္တာမြို့ပေါ်သို့ ပြောင်းရွှေ့လာကြကြောင်း သိရပါတယ်။

ဘင်္ဂလားပင်လယ်အော်တွင် အင်အားပြင်း ဆိုင်ကလုန်းမုန်တိုင်း ဖြစ်ပေါ်လာနိုင်မည့်အခြေအနေကြောင့် မြစ်ဝကျွန်းပေါ်ဒေသ လပွတ္တာမြို အောက်ဘက်ကျေးရွာများမှ မုန်တိုင်းရှောင် ထောင်နှင့်ချီသည့် ပြည်သူ များသည် မေလ ၆ ရက်နေ့ထဲကစတင်၍ လပွတ္တာမြို့ပေါ်ရှိ စာသင်တိုက်များ၊ ဘုန်းကြီးကျောင်းများနှင့် နီးစပ်ရာ မြို့ပေါ်ရပ်ကွက်များသို ပြောင်းရွှေ့လာကြပြီး တချို့သည် မြောင်းမြမြို့သို့ ပြောင်းရွှေ့နေထိုင်မှုများလည်းရှိနေကြောင်း သိရပါတယ်။