ဘီးလင်းမြို့နယ်မြေရဲစခန်းမှ ဝန်ထမ်းများ စခန်းစွန့်ခွာမှု ပြုလုပ်ဟု သတင်းတုရေးသား

ဘီးလင်းမြို့နယ်၊  ဝင်းက နယ်မြေရဲစခန်းနှင့် တောင်စွန်း အကျဉ်းဦးစီးဌာနမှ  အကျဉ်းသားများအပါအဝင် ဝန်ထမ်းများသည် အကြမ်းဖက်သောင်း ကျန်းသူများက တိုက်ခိုက်လာမည်ကို စိုးရိမ်သဖြင့် စခန်းအား စွန့်ခွာ၍ တိမ်းရှောင် သွားပြီဖြစ်ကြောင်း တရားမဝင် ပြည်ဖျက်မီဒီယာများက လူမှုကွန်ရက် စာမျက်နှာများပေါ်တွင် ကော လာဟလသတင်းများ လုပ်ကြံဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။

      အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာ နယ် မြေတွင် တာဝန်ထမ်းဆောင် လျက်ရှိသည့် တာဝန်ရှိသူများ၏ ပြောကြားချက်အရ “ဘီးလင်းမြို့နယ်ရှိ မည်သည့် ရဲစခန်းနှင့် အကျဉ်းဦးစီးဌာနတို့မှ စခန်းအား စွန့်ခွာတိမ်းရှောင်မှုများမရှိကြောင်းနှင့် သတင်းအမှားသာဖြစ်ကြောင်း” သိရှိရသည်။

      နိုင်ငံ့တာဝန်များကို ဦးလည်မသုန်ကျေပွန်စွာ ထမ်း ရွက်နေကြသည့် နိုင်ငံ့ဝန်ထမ်းများနှင့် အေး ချမ်းစွာလုပ်ကိုင်၊ နေထိုင်လိုကြသည့် ဒေသခံတိုင်းရင်းသား ပြည်သူများအား အကြမ်းဖက်မှုလုပ်ရပ်များကို အား ပေးလှုံ့ဆော်နေသည့် တရားမဝင် ပြည်ဖျက်မီဒီယာများမှ ထိုသို့ စိုးရိမ်ထိတ်လန့်ဖွယ်ရာ ကောလာဟလ သတင်းများ ရေးသားဖြန့်ဝေခြင်းသာဖြစ်ပြီး နိုင်ငံ တော်အစိုးရအနေဖြင့် နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို အရှိန် အဟုန်မပျက် ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

#PAN