တာချီလိတ်မြို့နယ်တွင် ဓားပြမှုနောက်ဆက်တွဲတရားခံများ ဖမ်းဆီးရမိ

      ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ပေါ် ရပ်ကွက်များတွင် တပ်မတော်နှင့် ရဲတပ်ဖွဲ့အယောင် ဆောင်၍ လက်နက်/ ခဲယမ်းများကိုင်ဆောင်ကာ ဓါးပြမှုကျူးလွန်နေသည့် အဖွဲ့ ဝင် ၇ ဦးပါ ဓားပြအဖွဲ့ကို ဖေဖော်ဝါရီ ၂၉ ရက်နေ့က ပထမအကြိမ်ဖမ်းမိခဲ့ပြီး နောက်ဆက်တွဲအဖြစ် ယမန်နေ့ ညနေပိုင်းတွင် ရန်အောင်မြေရပ်ကွက်၊ပါလျှံရပ်ကွက်တွင်း၌ ပူးပေါင်းပါဝင်သူ တရားခံ ၄ ဦးကို ထပ်မံ ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

      တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ဇော်လင်းအောင်မှ ကြီးကြပ်၍ ဒုတိယခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူး သိန်းထွန်းအောင် ဦးဆောင်သော အထူးအမှုစစ်အဖွဲ့ဖြင့် စစ်ဆေးခဲ့ရာ ဓါးပြမှုကျူးလွန်ရာ တွင် ပါဝင်သောကွင်းဆက်တရားခံများဖြစ်သည့် အိုက်ကျော် (ခ) စိုင်းကျော်လင်းဦး၊ စိုင်းစွမ်းမိန်း (ခ)အိုက်တီ၊ စိုင်းခေး၊ စိုင်းကွမ်းခေး တို့ ၄ ဦးမှာ ရန်အောင်မြေရပ်ကွက်၊ ပါလျှံ(၂)ရှိ နေအိမ်လိုင်းခန်းငှား တွင် နေထိုင်ကြောင်း သိရှိရသဖြင့် တာချီလိတ်ခရိုင်မှုခင်းနှိမ်နင်းရေးဌာနစိတ်မှ ရဲအုပ် ကိုကိုဦး ဦးစီးသော ပူးပေါင်းအဖွဲ့မှ ယမန်နေ့ ၊နံနက် ၁၂ နာရီ အချိန်တွင် သွားရောက်ရှာဖွေ ဖမ်းဆီးခဲ့ရာ အိုက်ကျော် (ခ) စိုင်းကျော်လင်းဦး ပါ ၄ ဦးနှင့် အတူ မော်တော်ယာဉ် ၂ စီး၊ ပစ္စတို သေနတ် ၁ လက်၊ ဓါးပြတိုက်ရာတွင် အသုံးပြုသော ဆက်စပ်ပစ္စည်းများဖြစ်သည့် ကျည်ကာအင်္ကျီ ၁ ထည်၊ အနက်ရောင် ဘောင်ဘီရှည် ၁ ထည်၊ အနက်ရောင် အင်္ကျီ ၂ ထည်၊ စစ်စိမ်းရောင် ဘောင်းဘီ ၂ ထည်၊ လက်ထိပ် ၁ ကွင်း၊ ရဲအနွေးထည်အင်္ကျီ ၁ ထည်၊ Anoffng စာတမ်းပါ စကားပြောစက် ၄ လုံး၊ YGN-7/8L-8080, Toyota Crown &olo:(1) SHN-12/8L-8080, Toyota Crown &ulo (1) SHN-12/3K -3899 နံပါတ်ပြား ၂ ခု၊ အနက်ရောင် တောစီး လည်တို ဖိနပ် ၁ ရံတို့နှင့်အတူ ဖမ်းဆီးရမိကြောင်း သိရှိရသည်။

     ၄င်းတို့သည် တာချီလိတ်မြို့တွင်းရှိ ကုန်စုံဆိုင်နှင့် နေအိမ်များတွင် တပ်၊ရဲ ယူနီဖောင်းများဝတ် ဆင်ကာ လုယက်မှူများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည့်အတွက် နယ်မြေရဲတပ်ဖွဲ့မှ  အမှုမှန်ဖော်ထုတ်ရေးနိုင်ရေး နယ်မြေဒေသ သတင်းအချက်အလက်များအား စုဆောင်းကာ  ဖေဖေါ်ဝါရီ ၂၉ရက်နေ့တွင် မယ်ခေါင်ရပ်ကွက်တွင်းရှိ ခရိုင်ကော်မရှင်ရုံးဝန်းအတွင်း လုယက်မှု ထပ်မံ ကျူး လွန်ရန်အတွက် စည်းဝေးတိုင်ပင်နေစဉ်  တရားခံ ၇ ဦးကို ပထမအကြိမ်အဖြစ် ဖမ်းဆီးရမိခဲ့ခြက်းဖြစ်သည်။

      “ထပ်ပြီးတော့ ကွင်းဆက် တရားခံတွေ ဆက်လိုက်နေပါတယ်။လုံခြုံရေးအခြေအနေကြောင့် ကြိုမပြောဖြစ်တာပါ။ သူတို့က အုပ်စုကြီးအနေနဲ့ လှုပ်ရှားနေပြီး လုယက်မှုကို ကျူးလွန်တဲ့အခါ  အဖွဲ့ခွဲပြီး ဆောင်ရွက်လေ့ရှိပါတယ်။ဒါတွေကို ကျွန်တော်ဆက်လက် လုပ် ဆောင်နေပါတယ်” ဟု ခရိုင်ရဲမှူး ဒုတိယရဲမှူးကြီး ဇော်လင်းအောင်မှ ပြောကြားခဲ့သည်။

      ဖမ်းဆီးရမိသူ တရားခံ အေးကိုကိုဦး ပါ ၆ ဦး တာချီလိတ်မြို့မရဲစခန်း (ပ) ၂၅/၂၀၂၄၊၂၀၂၃ခုနှစ် ၊လက်နက်ဥပဒေပုဒ်မ ၂၄/၃၁ဖြင့် လည်း ကောင်း၊ တရားခံ စိုင်းစံမိန်းခေါ် (စံမိန်း)အား(ပ) ၂၆/၂၀၂၄၊၂၀၂၃ခုနှစိ လက်နက်ဥပဒေ ပုဒ်မ ၂၄ ဖြင့် လည်း အမှုဖွင့် အရေးယူစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

#PAN