နိုဝင်ဘာ ၂၆ ရက် မှုခင်းသတင်းများ

-နိုဝင်ဘာ ၂၅ ရက် ၀၆၄၅ နာရီတွင် ပေါက်ခေါင်းမြို့နယ်၊ ကြို့ပင်ဝိုင်းကျေးရွာတွင် နေထိုင်သော ဦးစိုးမြင့်(၅၂)နှစ်သည် နေအိမ်၌ရှိနေစဉ် အကြမ်းဖက်သူ ၅ ဦးမှ ဆိုင်ကယ် ၃ စီးဖြင့် ရောက်ရှိလာပြီး လက်နက်ငယ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့ရာ ဦးစိုးမြင့်တွင် ဦးခေါင်းကျည်ထိမှန်ဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း သိရှိရ။

-နိုဝင်ဘာ ၂၅ ရက် ၀၅၄၀ နာရီတွင် ဇော်မျိုးအောင်(၃၁)နှစ်၊ တောင်သူ၊ ပင်းတလဲကျေးရွာ၊ ဆိပ်ဖြူမြို့နယ်နေသူသည် ၎င်း၏ဇနီး မသီတာမြင့်(၂ဝ)နှစ်၊ မှီခို၊ ပင်းတလဲ ကျေးရွာ၊ ဆိပ်ဖြူမြို့နယ်နေသူသည် မီးဖွားရန်အတွက် ကျေးရွာလူမှုကူညီရေးယာဉ်ဖြင့် ဆိပ်ဖြူမြို့ ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်၍ လှိုင်မင်း(၃ဝ)နှစ်၊ ယာဉ်မောင်း၊ ပင်းတလဲကျေးရွာ၊ ဆိပ်ဖြူမြို့နယ်နေသူနှင့်အတူ ကျေးရွာသို့ ပြန်လာခဲ့ရာ ဆိပ်ဖြူမြို့နယ်၊ ချောင်းမကြီးကျေးရွာအဝင်ဆိုင်းဘုတ်အနီးသို့ ရောက်ရှိစဉ် အပေါ့စွန့်ခဲ့ရာ ၎င်းနေရာ၌ PDF အကြမ်းဖက်အဖွဲ့မှ ထောင်ထားသည့် မိုင်း ၁ လုံး ပေါက်ကွဲခဲ့၍ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရ။

-နိုဝင်ဘာ ၂၅ ရက် ဝ၆၁၀ နာရီတွင် မိုးကုတ်မြို့နယ်၊ ကသဲကျေးရွာရှိ DENKO စက်သုံးဆီအရောင်းဆိုင်သို့ PDF အကြမ်းဖက် အဖွဲ့ အင်အား ၇ ဦးခန့် ရောက်ရှိလာပြီး ညအစောင့်ဝန်ထမ်း ၄ ဦးအား ဝမ်းလျားမှောက်ခိုင်းထားကာ ဆီပန့် ၄ ခု အတွင်သို့  လက်လုပ်မိုင်း ၁ လုံးစီ တပ်ဆင်ဖောက်ခွဲ၍ ဆိုင်နောက်ရှိ ဆီကန် ၄  ကန်အတွင်းသို့ လက်လုပ် မိုင်းများပစ်ထည့်ကာ ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း သိရှိရ။

-နိုဝင်ဘာ ၂၅ ရက် ၀၀၁၅ နာရီတွင် ကော့ကရိတ်မြို့၊ အမှတ်(၂)ရပ်ကွက်နေ ဒေါ်ချစ်စု(၃၂)နှစ်၏ နေအိမ်သို့ လက်နက်ငယ် များ ကိုင်ဆောင်ထားသည့် အကြမ်းဖက်အဖွဲ့(စိစစ်ဆဲ)ကျား ၂ ဦး ရောက်ရှိလာပြီး  နေအိမ်အား မီးရှို့ ဖျက်ဆီး၍ ထွက်ပြေးသွားခဲ့ရာ ဒေါ်ချစ်စု၏ အလျား ၁၂ ပေ၊ အနံ ၂၀ ပေ၊ အမြင့် ၁၅ ပေရှိ အင်ဖက်မိုး၊ ဝါးထရံကာ၊ ဝါးကြမ်းခင်း နေအိမ်မှာ မီးလောင်ပျက်စီးခဲ့ကြောင်း သိရှိရ။