PDF အကြမ်းဖက် ၁ ဦးအား လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရရှိ

ကလေးမြို့ ပင်လုံရပ်ကွက်တွင် အကြမ်းဖက် ၁ ဉီးအား လက်နက်ခဲယမ်း များနှင့်အတူ ဇူလိုင်လ ၁၅ ရက်နေ့ နံနက် ၉ နာရီခွဲခန့်ချိန်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရပါတယ်။
သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ကလေးမြို့ ARARAT Hotel သို့ အကြမ်းဖက်သမားဖြစ်သူ ဗျက်ကျုံးနှုံးသည် လက်နက်ခဲယမ်းများနှင့် လာရောက်တည်းခိုမည်ဖြစ်ကြောင်း ပြည်သူများသတင်းပို့မှုများအရ ၎င်းဟိုတယ်၌ အသွင်ယူ စောင့်ဆိုင်းနေစဉ် ဗျက်ကျုံးနှုံးသည် လာရောက်စဉ် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ပါသည်။
၎င်းနှင့်အတူ ပွိုင့် ၃၈ ပစ္စတိုသေနတ် ၁ လက်၊ ကျည်အိမ် ၁ ခု၊ ကျည် ၃ တောင့်တို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရပါတယ်။