ဘဝလက်တွဲဖော်…….

ငွေကြေးချမ်းသာတဲ့ လူကို မရှာပါနဲ့
သစ္စာတရားကြွယ်ဝတဲ့ လူကိုရွေးချယ်ပါ

သင့်အတွက်အမြဲတမ်း အချိန်ပေးနိုင်တဲ့
လူကို မရှာပါနဲ့
သင်တကယ်လိုအပ်တဲ့ အချိန်တိုင်းမှာ
သင့်ဘေးနား အဆင်သင့်ရှိနေမယ့်
လူကို ရွေးချယ်ပါ

ရုပ်ရည်ချောမောတဲ့ လူကို မရှာပါနဲ့
စိတ်ထားလှတဲ့ လူကို ရွေးချယ်ပါ

အပြောကောင်းတဲ့ လူကို မရှာပါနဲ့
အကောင်းပြောတတ်တဲ့
လူကို ရွေးချယ်ပါ

အချစ်လို့ ခေါင်းစဉ်တပ်ပြီး
ချုပ်ချယ်မှုတွေပေးမယ့် လူကိုမရှာပါနဲ့
သင်ကို လူသားဆန်တဲ့
လွတ်လပ်ခွင့်တွေပေးပြီး
သင်နဲ့အတူ အချစ်ဆိုတဲ့ အရာလေး လှပအောင်ဖန်တီးပေးမယ့်
လူကို ရွေးချယ်ပါ

သင့်ထက်သာတဲ့ လူကို မရှာပါနဲ့
သင်ကို အရာရာထက်သာတဲ့
လူဖြစ်အောင် လမ်းပြပေးနိုင်မယ့်
လူကို ရွေးချယ်ပါ

ပညာတတ်တဲ့ လူကိုမရှာပါနဲ့
စာနာတတ်တဲ့ လူကို ရွေးချယ်ပါ

သင့်ကို ဘုရင် တစ်ပါးလို ခစားနိုင်မယ့်လူကို မရှာပါနဲ့
သင့်ကို ဘုရင်နေရာမှာ အမြတ်တနိုး
ထားပေးနိုင်မယ့်သူကို ရွေးချယ်ပါ

ရွေးချယ်စရာတွေ အများကြီးရှိနေခဲ့ရင်တောင်
သင်ကိုသာ ထပ်ခါတလဲလဲ
ရွေးချယ်မယ့်သူကိုသာ
ဘဝလက်တွဲဖော် အဖြစ် ရွေးချယ်ပါ❤️

credit