သိနိုင်တုန်း ပါရမီထိုက်ပါစေ

ပိုင်ဆိုင်မှုတွေ ဘယ်လောက်ရှိရှိ
ဒါနမရှိထားရင် တစ်ဘ၀စာပဲဖြစ်သလို
အချိန်တန်ရင် စွန့်ထားခဲ့ရမှာပါ ။

ဘယ်လောက်ပဲကျန်းမာမာ
သီလတရားတွေ မရှိထားဘူးဆိုရင်
အနှစ်ရှိတဲ့ကိုယ်လို့ မဆိုနိုင်ပါဘူး ။

ဘယ်လိုပင်အသက်ရှည်ပါစေ
ဖြစ်ခြင်းပျက်ခြင်းတရားကိုမမြင်ရင်
ကိုယ့်ရှင်သန်မှုဟာ မမြတ်ပါဘူး ။

ဘယ်လိုပဲ အခြံအရံတွေများနေပါစေ
ခွဲရချိန်တန်လာပြီဆိုရင်
အားလုံးကို ကျောခိုင်းခဲ့ရမှာပါ ။

ရှိလည်းခဏ မမြဲလှပါ
မာလည်းခဏ နာကြရအုံးမှာပါ ။

လူ့ဘ၀ဆိုတာ
အလင်းကနေအလင်းကိုသွားဖို့
ကောင်းတဲ့အခွင့်ရေးထူးဖြစ်သလို

အလာလည်းကောင်းခဲ့ကြသလို
အပြန်လည်း လှနိုင်ဖို့လိုပါတယ် ။

တရားထက်သာတဲ့ရတနာ
လောကကြီးမှာ လုံးဝမရှိတဲ့အတွက်

သိနိုင်နေတုန်းမှာ ပါရမီထိုက်အောင်
ကြိုးစားထားကြဖို့ လိုပါတယ် ။

🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏