ရပ်စောက်မြို့နယ်၊ ပင်ပိန်းကျေးရွာ၏အနောက်တောင်ဘက်၌ တိုက်ပွဲဖြစ်ပွား

အောက်တိုဘာ ၁၈ ရက်
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်၊ ပင်ပိန်း-နောင်ရင်း ကျေးရွာအကြား လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေရှင်းလင်းရေးဆောင်ရွက်နေစဉ်
ပင်ပိန်းကျေးရွာ၏အနောက်တောင်ဘက်သို့အရောက်
အကြမ်းဖက်သမားအင်အား ၁၀ ဦးခန့်က လက်နက်များဖြင့် စတင်ပစ်ခတ်တိုက်ခိုက်ရာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး
-အကြမ်းဖက်သမား ၁ လောင်း
-လက်ပစ်ဗုံး ၃ လုံး
-ကာဘိုင်ကျည် ၆၀ တောင့်
-ဒီတိုနေတာ ၉ ချောင်း သိမ်းဆည်းရမိခဲ့ပြီး တပ်မတော်ဘက်က ထိခိုက်မှုမရှိခဲ့ဟု သိရှိရပါတယ်…