KNDF/PNLA အလောင်းနှင့် လက်နက်များ သိမ်းဆည်းရရှိ

ပအိုဝ်းတိုင်းရင်းသားများ၏ ရွာများ၊ စည်းစိမ်ဥစ္စာများကို ဖျက်ဆီးမီးရှိနေသည့် KNDF/PNLA အကြမ်းဖက် အင်အား ၂၀ ဦးခန့် ဆီဆိုင်မြို၊ မြကန်သာရပ်ကွက်၊ ဇာဝါနာရာမကျောင်းတိုက်အနီးရှိ ၅ ထပ်တိုက်တွင် ရောက်ရှိနေကြောင်း ဒေသခံများ၏ သတင်းပေးပိုမှုအရ မတ်လ ၂၁ ရက်(ယနေ့)မနက်ပိုင်းတွင် ဝင်ရောက် စီးနင်းခဲ့ရာ –
(၁) KNDF/PNLA အလောင်း ၂ လောင်း
(၂) စနိုက်ပါ ၁ လက်
(၃) M-16 သေနတ် ၁ လက်
(၄) G-4 သေနတ် ၁ လက်
(၅) MA-3 သေနတ် ၁ လက် သိမ်းဆည်းရမိခဲ့ပါသည်။

အဆိုပါ အကြမ်းဖက်သောင်းကျန်းသူများသည် ၎င်းနေရာမှနေ၍ စစ်ကြောင်းများနှင့် PNO အဖွဲများအား ချောင်းမြောင်းပစ်ခတ်ခြင်း၊ ရွာများအား မီးရှိခြင်း၊ ပစ္စည်းများအား ဖောက်ထွင်းခိုးယူနေခြင်းကြောင့် ဒေသခံများက ရွံရှာမုန်းတီးလျက်ရှိကြောင်း သိရှိရပါသည်။