ချမ်းအေးသာဇံမြို့နယ်အတွင်း မီးလောင်မှုဖြစ်ပွား

ဇူလိုင် ၁၂ရက်နေ့ နံနက် ၆ နာရီ ၅ မိနစ်အချိန်ခန့်က မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ပါတ်ကုန်းဝန်းကျင်ရပ်ကွက်၊ ၂၉လမ်း၊၇၁×၇၂ လမ်းကြားရှိ ဒေါ်လုံးမုန့်တီဆိုင် နေအိမ်တွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး နံနက် ၆ နာရီ ၂၅ မိနစ်အချိန်တွင် မီးငြိမ်းသွားခဲ့ပါသည်။

မီးလောင်မှုဖြစ်ပွားရခြင်းမှာ ဒေါ်လုံးမုန့်တီဆိုင်ပိုင်ရှင် ဦးဟိန်းထက်၊၂၉နှစ်၊(ဘ)ဦးအောင်ဦးသည် နေအိမ်နောက်ဖေးတွင် မီးသွေးမီးဖိုဖြင့်ဟင်းရည်အိုးတည်ထားပြီး မီးဖိုဘေးရှိ မီးစက်ထဲသို့ ဓါတ်ဆီထည့်ရာမှ အပူဟပ်ပြီး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

 မီးလောင်မှုကြောင့် ၁၄×၃၀ ပေရှိ ၂ထပ် ပျဥ်ထောင်အိမ် ၁လုံး၊တန်ဘိုး ၁၂သိန်းကျပ်၊နေအိမ်အတွင်းရှိ ပစ္စည်းများ၊တန်ဘိုး ၈သိန်းကျပ်၊အနောက်ဖက်ဘေး ကပ်လျက်ရှိ ဒေါ်တင့်၏ RC သုံးထပ်ခွဲတိုက် ပထမထပ်၊ဒုတိယထပ်တို့ မီးကူးစက်လောင်ကျွမ်းခဲ့ရာ အဲယားကွန်းနှင့် အတွင်း ပစ္စည်းများ၊တန်ဘိုး ၅သိန်းကျပ်၊စုစုပေါင်းတန်ဘိုး ၂၅သိန်းကျပ် မီးလောင်ဆုံးရှုံးခဲ့ကြောင်း သတင်းရရှိပါတယ်။

#Source; PAN