ရေး-ထားဝယ်လမ်းပိုင်းဆစ်နေရာတွင် စစ်တပ်ကားတိုက်ခိုက်ခံရပြီး စစ်သား၃ ဦးသေ ၂ ဦးဆေးရုံတင်ရတယ်လို့ Khit Thit မှ သတင်းအမှားရေး

ဇူလိုင်လ ၁၂ ရက်နေ့ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်အချိန် တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ဇဟာရွာအနီး(ရေး-ထားဝယ် လမ်းပိုင်းတစ်နေရာ)တွင် စစ်သား ၅ ဦးလိုက်ပါသော စစ်ကားကို ထားဝယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ DGRF-တပ်ခွဲ ၂ က အသင့်စောင့်ကြိုပစ်ခတ်တိုက်ခိုက်ခဲ့ ကြောင်း၊ ပစ်ခတ်မှုကြောင့် စစ်သား ၃ ဦး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း၊ ၂ ဦးမှာ ဆေးရုံတင်ထားရကြောင်း Khit Thit မှ ရေးသားထားတာတွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ ဇူလိုင်လ ၁၂ ရက်နေ့တွင် တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ဇဟာရွာအနီးတွင် စစ်တပ် ကားအား PDF များချောင်းမြောင်းတိုက်ခိုက်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၃ ဦး ဒဏ်ရာရှိခဲ့ကြောင်း ဒေသတွင်းသတင်းပေးချက်များအရသိရှိရပါတယ်။ Khit Thit မှ ဖြစ်စဉ်အမှန်မရေးဘဲ ဂုဏ်ဖော်ကာ စစ်သား ၃ ဦးသေဆုံးပြီး ၂ ဦးဆေးရုံတင်ထားရတယ်လို့အောက်တန်းကျစွာလိမ်ညာရေးသားထားခြင်းသာဖြစ်ပါတယ်။

Misinformation

FACT-CHECK