ကုမ္ပဏီ (၁၀) ခုကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က လိုင်စင်များရုပ်သိမ်း

ဇူလိုင် ၁၂ ရက်က မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ခွင့်ပြုထုတ်ပေးထားသည့် နိုင်ငံခြားငွေများ ဝယ်ယူရောင်းချလဲလှယ်ပေးခွင့်လိုင်စင်ရ ကုမ္ပဏီ (၁၀) ခုသည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ထားသော အမိန့်နှင့်ညွှန်ကြားချက်များကို လိုက်နာမှုမရှိသဖြင့် နိုင်ငံခြားငွေများ ဝယ်ယူရောင်းချ လဲလှယ်ပေးခွင့်လိုင်စင် (Money Changer License) အား အမှုဆောင်ကော်မတီ အစည်းအဝေးဆုံးဖြတ်ချက်အရ ရုပ်သိမ်းကြောင်းအများ ပြည်သူသိရှိစေရန် ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရပါသည်။

အဆိုပါ နိုင်ငံခြားငွေများ ဝယ်ယူရောင်းချလဲ လှယ်ပေးခွင့်လိုင်စင် ရုပ်သိမ်းလိုက်သော ကုမ္ပဏီ (၁၀) ခုမှာ –

(၁) Kannan Trading Co.,Ltd
(J) Net Change Co.,Ltd
(၃) Thiri Aung Si Trading Co., Ltd
(၄) Riverwood Group Co., Ltd
(၅) Global Myanmar Services Co., Ltd
(၆) D-Gold Trading Co., Ltd
(၇) Aurum Image Co., Ltd
(၈) Hi Welcome Travel & Tours Co., Ltd
(၉) Sweeties Pearls Co., Ltd
(၁၀) Chase Travels & Tours Co., Ltd တိုဖြစ်ကြကြောင်း သတင်းရရှိပါသည်။

Source; PAN