စစ်ကိုင်းတိုင်း၊ ယင်မာပင်မြို့နယ်၊ မြို့ကြီးရွာကို စစ်ကြောင်းဝင်ရောက်မီးရှို့တယ်လို့ Khit Thit မှ သတင်းအတုရေး

ဇူလိုင် ၁၂ ရက်နေ့ စစ်ကိုင်းတိုင်း၊ ယင်မာပင်မြို့နယ်၊ မြို့ကြီးရွာကို စစ်တပ်က Mi-35 ရဟတ်ယာဉ်ဖြင့် ပစ်ခတ်ပြီး စစ်ကြောင်းက ကျေးရွာကို ဝင်ရောက်မီးရှို့နေကြောင်း Khit Thit မှ ရေးသားထားတာတွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ ဇူလိုင်လ ၁၂ ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ ယင်မာပင်မြို့နယ်၊ မြို့ကြီးရွာ၊ မြေကြက်ဆူရွာအနီးတွင် တပ်မတော်စစ်ကြောင်းနှင့် PDF များတိုက်ပွဲဖြစ်ပွားခဲ့ပြီး PDF ၃ လောင်း၊ M-22 ၁ လက်နှင့် ဆက်စပ်ပစ္စည်းများ စစ်တပ်ဘက်က ရရှိခဲ့ကြောင်းနှင့် ကျေးရွာကို တပ်က မီးရှို့ခဲ့ခြင်းမဟုတ်ဘဲ PDF များမီးရှို့ထွက်ပြေးသွားခဲ့ကြောင်း ဒေသတွင်းသတင်းပေးချက် များအရသိရှိရပါတယ်။ Khit Thit မှ ဖြစ်စဉ်အမှန်မရေးဘဲ တပ်မတော်က အသားလွတ် ရဟတ်ယာဉ်နဲ့ပစ်ပြီး ရွာကိုမီးရှို့တယ်ဟုဆိုကာ အများအထင်လွဲမှားအောင် လုပ်ကြံရေးသားထားခြင်းသာဖြစ်ပါတယ်။

Misinformation

FACT-CHECK