ဒေသခံအမျိုးသား ၁ ဦးအား လုံခြုံရေးတပ်ဖွဲ့များက သတ်ဖြတ်တယ်လို့ မြေလတ်အသံမှ သတင်းအမှားရေး

ဇူလိုင် ၁၀ ရက်နေ့ စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ညောင်ပင်ရွာ အရှေ့ဘက်မှာ တပ်မတော်စစ်ကြောင်းနဲ့ ဒေသခံကာကွယ်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦး သေဆုံးကာ ဒေသခံအမျိုးသားတဦးလည်း အသတ်ခံထားရတယ်လို့ မြေလတ်အသံ မှ ရေးသားထားတာ တွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ ဇူလိုင်လ ၁၀ ရက်နေ့၌ အရာတော်မြို့နယ်၊ ညောင်ပင်ရွာနှင့် မလဲသာရွာအကြားတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် PDF အဖွဲ့များ တိုက်ပွဲဖြစ်ပွားရာ PDF ၂ လောင်း၊ M-22 ၁ လက်၊ လက်လုပ်သေနတ် ၁ လက်၊ M-22 ကျည်ဆံ ၇၀ တောင့်၊ 5.56 ကျည် ၃၀ တောင့်နှင့် ကျည်အိမ် ၂ ခု သိမ်းဆည်းရရှိခဲ့ကြောင်း ဒေသတွင်းသတင်းပေးချက်များအရ သိရှိရပါတယ်။ မြေလတ်အသံ မှ ဖြစ်စဉ်အမှန်မရေးဘဲ လုံခြုံရေးတပ်ဖွဲ့ဝင်များကို အထင်မှားအောင် အပုတ်ချကာ လိမ်ညာရေးသားထားခြင်းသာဖြစ်ပါတယ်။

Misinformation

FactCheck