ချင်းမိုင်၊ ဗီယင်ကျန်း၊ ဒါကာမြိုများသို MAI မှ လေကြောင်းခရီးစဉ်သစ်တိုးချဲ့ပြေးဆွဲမည်

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းလိုင်း (MAI) မှ ဧပြီနှင့်မေလတွင်း ချင်းမိုင် ၊ ဗီယင်ကျန်း၊ ဒါကာမြိုများသို လေကြောင်းခရီးစဉ်သစ်များ တိုးချဲ့ပြေးဆွဲသွားမည်ဖြစ်ကြောင်းသိရသည်။

မတ်လ ၈ ရက်မွန်းလွဲ ၂ နာရီခွဲအချိန်၌ ရန်ကုန်မြို၊ပြည်လမ်းရှိ Lotte ဟိုတယ်တွင် ကျင်းပသည့် MAI FlightForward အခမ်းအနားမှသိရသည်။

ခရီးစဉ်သစ်များဖြစ်သည့် ထိုင်းနိုင်ငံ ချင်းမိုင်သို ၂၀၂၄ ခုနှစ်၊ ဧပြီလ ၃ ရက်နေ့မှစ၍ အပတ်စဉ် ဗုဒ္ဓဟူး၊ သောကြာနှင့် တနင်္ဂနွေနေ့တိုင်း၊ လာအိုနိုင်ငံ Vientiane မြိုသို ၂၀၂၄ ခုနှစ်၊ မေလ ၄ ရက်နေ့မှစ၍ အပတ်စဉ် အင်္ဂါနှင့် ကြာသပတေးနေ့တိုင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြိုသို ၂၀၂၄ ခုနှစ်၊ မေလ ၈ ရက်နေ့မှစ၍ အပတ်စဉ် ဗုဒ္ဓဟူးနှင့် တနင်္ဂနွေနေ့တိုင်းနှင့် UAE နိုင်ငံ ဒိုဟာမြိုသို ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့မှစ၍ အပတ်စဉ် အင်္ဂါနှင့် စနေနေ့တိုင်း အသီးသီးပြေးဆွဲပေးသွားမည်ဖြစ်ကာ ဒူဘိုင်း၊ ကွမ်ကျိုးနှင့် ထိုင်းနိုင်ငံ ဘန်ကောက် ဒွန်မောင်းလေဆိပ်များသို အကြိမ်ရေထပ်တိုးပြေးဆွဲသွားမည်ဖြစ်သည်။

“ကျွန်တော်တိုရဲ့ ခရီးသည်တွေနဲ့ မိတ်ဖက်များထံမှ မယိမ်းယိုင်သွားသော ယုံကြည်မှုများနဲ့ ပံ့ပိုးမှုများ ကြောင့် ကျွန်တော်တိုရဲ့ နိုင်ငံအတွက် မရှိမဖြစ်လိုအပ်တဲ့ လေကြောင်းဆက်သွယ်မှုများကို ဆက်လက် ပေးစွမ်းနိုင်မှာဖြစ်ပါတယ်” ဟု MAI ၏ acting Chief Executive Officer and Chief Commercial Officer Mr. Tanes Kumar က ပြောသည်။

ဆက်လက်၍ ကုန်စည်သီးသန့်သယ်ယူပိုဆောင်ရေးခရီးစဉ်များကို ရန်ကုန်မှ ကူမင်းသို (နေ့စဉ်)၊ ဘန်ကောက်သို (တစ်ပတ်လျှင် ၆ ကြိမ်)နှင့် ဖူးခက်သို အပတ်စဉ်တနင်္လာနေ့တိုင်းပြေးဆွဲလျက်ရှိသည်။ ထိုအပြင် ပြည်တွင်းခရီးစဉ်များဖြစ်သည့် လားရှိး၊ လွိင်ကော်၊ နေပြည်တော်၊ ကလေးနှင့် ခန္တီးသို ပြန်လည်ပြေးဆွဲသွားမည်ဖြစ်ပြီး ဟုမ္မလင်းနှင့် မော်လမြိုင်သိုလည်း အသစ်ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။

ထိုပြင် ၂၀၂၄ ခုနှစ် နှစ်ကုန်တွင် ပြည်ပခရီးစဉ် ၂၁ ခုနှင့် ပြည်တွင်းခရီးစဉ် ၂၀ ခုအား ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်းသိရသည်။