ဧပြီလ (၂၀)ရက်နေ့ တွေ့ရှိထူးခြားသတင်းများ

မန္တလေးတွင် သံဃာအပါး တစ်သောင်း ဆွမ်းလောင်းလှူပွဲကို မေလ ၃ ရက်နေ့ ကဆုန်လပြည့်နေတွင် ကျင်းပသွားမည်ဖြစ်။

ဖားကန့်မြို့နယ် ကံဆီးအထက် KIA တပ်ရင်း၆ စခန်းကို Air Strike ပြုလုပ်။

ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ် သဖန်းကိုင်းအုပ်စု အုပ်ချုပ်ရေးမှူးအား PDF အကြမ်းဖက်များမှ ပစ်ခတ်သတ်ဖြတ်။

ပဲခူးတိုင်း သဲကုန်းမြို့နယ် သရက်ကိုင်းကျိုးရွာအနီး သဲကုန်းရဲစခန်းမှ နယ်ထိန်းအား PDF များက ဖမ်းဆီး သတ်ဖြတ်။

မကွေးတိုင်း ရေစကြိုမြို့နယ် စစ်မူထမ်းဟောင်းရုံးအား အကြမ်းဖက် PDF များမှ လာရောက်ပစ်ခတ်မှုဖြစ်ပွားခဲ့။

ရွှေဘိုမြို့နယ် ကင်းဗျားကျေးရွာ အနောက်ကျောင်း ဆရာတော်အား PDF များမှ ပစ်ခတ်သတ်ဖြတ်သွားကြောင်း။

မြန်မာစံတော်ချိန် ၁၁:၄၀ နာရီချိန်တွင် မြန်မာနိုင်ငံတွင် နေကြတ်ခြင်းဖြစ်ပေါ်ခဲ့။

မြန်မာနိုင်ငံသား ၅ ဦး အိန္ဒိယအကျဉ်းထောင်က ထွက်ပြေးမှုဖြစ်ပွားခဲ့ကြောင်း။

တနင်္သာရီမြို့နယ် ချောင်းလမုရွာ၌ စစ်မှုထမ်း အငြိမ်းစား ၁ဦးအား အကြမ်းဖက်များမှ ပစ်ခတ်သတ်ဖြတ်သွားကြောင်း။

ပုသိမ်ကြီးမြို့နယ် မြကန်သာကျေးရွာ အုပ်ချုပ်ရေးမှူးရုံးမှ လခရအဖွဲ့ ရွာစျေး၌ စျေးဝယ်ပြီးအပြန် သင်္ကန်းဝတ်အယောင်ဆောင် အကြမ်းဖက်များမှ ပစ်ခတ်တိုက်ခိုက်။

စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် အလကပ္ပကျေးရွာအနီး မြောင်လမ်းခွဲတွင် PDF များ၏ Drone ၁ စီးအား ပစ်ချဖမ်းဆီးရမိ။

သီပေါမြို့နယ် နမ့်လန်ကျေးရွာရှိ “ပြည့်ဝ” ရွှေဆိုင် ဓါးပြတိုက်သူအား ဈေးသူ/သားများနှင့်အတူ နယ်မြေခံရဲတပ်ဖွဲ့များ ဖမ်းဆီး။

စဉ့်ကူးမြို့နယ် ခပ်သင်းကျေးရွာနေ အမျိုုးသား-၂ဦးအား PDF များမှ ပစ်ခတ်သတ်ဖြတ်။

စစ်ကိုင်းမြို့ စိန်ကုန်းရပ်ကွက် ရပ်ကွက်အုပ်ချုပ်ရေးမှူး ပစ်ခတ်သတ်ဖြတ်ခံရမှုဖြစ်ပွား။

ရေစကြိုမြို့ပေါ်ရှိ လုံခြုံရေးအဖွဲ့အား အကြမ်းဖက် (PDF) များက လာရောက်ပစ်ခတ်တိုက်ခိုက်။

စစ်ကိုင်းတိုင်း ဝက်လက်မြို့ အမှတ်(၁) ရပ်ကွက်အတွင်း PDF များက Drone ဖြင့် ဗုံးချဖောက်ခွဲခဲ့မှုကြောင့် အပြစ်မဲ့ပြည်သူ အမျိုးသမီး ၂ ဦး ဒဏ်ရာရ။

ဂန့်ဂေါမြို့နယ် ကန်နယ်မြေရဲစခန်းအား Drone ဖြင့် ဗုံးချဖောက်ခွဲခံရမှုဖြစ်ပွား။

သွေးတိုးရောဂါကြောင့် သတိလစ်ပြီး ဆေးရုံတင်လိုက်ရသည့် KNU ဥက္ကဌ နေအိမ်သို့ပြန်လည်ရောက်ရှိပြီဖြစ်ကြောင်း။

မြန်မာရေပိုင်နက် ဘင်္ဂလားပင်လယ်အော်အတွင်း မြန်မာ့တပ်မတော်(ရေ)က ဘင်္ဂါလီလူမျိုး ၇၀ ဦးဖမ်းဆီးရမိ။

ထားဝယ်မြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက ခရီးသွားမော်တော်ယာဉ်အား လက်နက်ငယ်များဖြင့် အကြောင်းမဲ့ပစ်ခတ်ခဲ့သဖြင့် အမျိုးသမီး ၁ ဦးသေဆုံး။

ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာအနီး အကြမ်းဖက် PDF စခန်းအား သိမ်းဆည်းရမိ။

နိုင်ငံတကာသတင်းများ

ယူကရိန်းစစ်ပွဲ ထောက်ပံ့သူ ချက်အစိုးရနှုတ်ထွက်ပေးရေး ချက်နိုင်ငံ ပြည်သူလူထုမှ ထပ်မံဆန္ဒပြ။

ထိုင်ဝမ်နိုင်ငံက အမေရိကန်ထံမှ သင်္ဘောဖျက်ဒုံးကျည် ၄၀၀ ဝယ်ယူသွားမည့် ဖြစ်ကြောင်း။

ယူကရိန်းကို လက်နက်ထောက်ပံ့မှုများ မလုပ်ဆောင်ရန် တောင်ကိုရီးယားကို ရုရှား သတိပေး။

ယူကရိန်းရှေ့တန်းစစ်မျက်နှာအထိ ရုရှားသမ္မတ ပူတင် သွားရောက်တွေ့ဆုံခဲ့။

ယူကရိန်းသို့ နေတိုး အတွင်းရေးမှူးချုပ် ရောက်ရှိကာ ယူကရိန်းသမ္မနှင့် တွေ့ဆုံ။