အပူရှပ်ခြင်းမှ ကြိုတင်ကာကွယ်ခြင်း

အခုရက်ပိုင်းအတွင်းမှာပဲ အပူရှိန်တွေက တဖြေးဖြေးမြင့်တာလာတာကြောင့် အိန္ဒိယနိုင်ငံဘက်မှာဆို ကြက်ဥတောင်ကြော်လို့ရတဲ့အခြေအနေတွေရောက်နေပြီဖြစ်တဲ့အတွက် အပူအအေးမမျှတရာကနေ အပူရှပ်ခြင်းနဲ့ကြုံတွေ့ရနိုင်ပါတယ်..။ အဲဒီလို အပူရှပ်ခြင်းကို ကြိုတင်ကာကွယ်နိုင်ရန်အတွက် အောက်ပါအတိုင်း ဆောင်ရွက်သင့်ပါတယ်။

  • ခန္ဓာကိုယ်နှင့်အံကိုက်ပြီး တင်းကြပ်တဲ့ အဝတ်တွေကို မဝတ်ဆင်ဘဲနဲ့ အရောင်ဖျော့ပြီး ချောင်ချိတဲ့အဝတ်တွေကို ဝတ်ဆင်ပါ။
  • အပြင်ထွက်မယ်ဆိုရင် ထီး၊ ဦးထုပ်၊  နေကာမျက်မှန်၊ sunscreen တို့နဲ့ နေရောင်ခြည်တိုက်ရိုက်ထိတွေ့ခြင်းကနေ ကာကွယ်ပါ။
  • ခန္ဓာကိုယ်မှာ ရေဓာတ်လုံလောက်အောင် နေထိုင်ပါ။
  • ချွေးထွက်များစေသော၊ ရေဓာတ်ကုန်ဆုံးစေသော ဆေးဝါးများသုံးစွဲခြင်းမှ ရှောင်ကြဉ်ပါ။
  • နေပူထဲမှာ ရပ်ထားတဲ့ ကားထဲမှာ အချိန်ကြာမြင့်စွာထိုင်နေခြင်းမှ ရှောင်ကြဉ်ပါ။
  • နေပူထဲကပြန်လာလာချင်း အအေးခန်းထဲချက်ခြင်းဝင်ခြင်းမှရှောင်ကြဉ်ပါ။
  • အလားတူပဲ အအေးခန်းထဲကနေ နေပူထဲကို ချက်ခြင်းထွက်ခြင်းမှလည်းရှောင်ကြဉ်ပါ။ ဒီအချက်လေးတွေကို ဂရုပြုရှောင်ကြဉ်နိုင်မယ်ဆိုရင် အပူရှပ်ခြင်းမှကင်းဝေးစေနိုင်ကြောင်း သတိပေးဖော်ပြလိုက်ပါတယ်..။