Happy no bra day……

ချစ်ရတဲ့ အမျိုးသမီးထုကြီးရေ

ဘရာစီယာတွေ ချွတ်ပစ်လိုက်တော့ …. အတွင်းခံမဝတ်ပဲ တစ်ရက်လောက် သက်တောင့်သက်သာနေပစ်လိုက်။ ဘာလို့လဲဆိုတော့ ဒီနေ့က ရင်သားကင်ဆာအသိပညာပေးလှုံ့ဆော်တဲ့ No Bra Day အောက်တိုဘာလ ၁၃ ရက်ပါတဲ့။

အမျိုးသမီးလို့ မွေးဖွားလာကတည်းက သတ်မှတ်လိုက်ရင် လိုအပ်ချက်၊ လုပ်ဆောင်ကျင့်ကြံရတဲ့အရာတွေက များသား ….။ အဲ့ဒီထဲမှာ အတွင်းခံတွေလဲပါတယ်။ စဉ်းစားကြည့် … မိန်းကလေးဆိုရင် ရင်သားတွေ မဖွံ့ဖြိုးခင်ကတည်းက ရေကူးဝတ်စုံ ဝတ်ပေးတာတောင် လုံခြုံနေလိုက်တာ၊ ယောက်ျားလေးတွေကျတော့ ဘောင်းဘီအတို တစ်မျိုးတည်းနဲ့။ လေးတန်း၊ ငါးတန်းဆို ရှင်မီးအင်္ကျီ အမေတွေက ဆင်ပေးနေပြီ။ အဲ့ဒီကတည်းက ဝတ်လာလိုက်ရတာ ဗမာဘော်လီခါးရှည်ကစလို့ ဘရာစီယာ အပင့်၊ အကျပ်၊ ဗြောင်၊ ဇာ အထိပဲ။ မသေမချင်း ဝတ်နေရမဲ့သဘောရှိတယ်။

  • ဒါပေမဲ့ ဒီတစ်ရက်တော့ အတွင်းခံ ဘရာစီယာမပါပဲ တစ်နေ့တာကို ဖြတ်သန်းကြည့်ပါ။
  • ရာစီယာကို ချွတ်ထားချိန် ကိုယ့်ရဲ့ ရင်သားကို ကိုင်တွယ်စမ်းသပ်ပြီး အဖုအကျိတ် ရှိ မရှိ စမ်းပါ။
  • နို့သီးခေါင်းပုံစံပြောင်းနေလား၊ အတွင်းကို ရှုံ့ဝင်နေလား၊ အရည်ထွက်နေလား၊ တွန့်ရှုံ့နေလား၊ ချိုင့်နေလား၊ ရင်သားပုံစံက သာမန်ထက် ယောင်နေတယ် ထင်လား၊ ယားယံလား၊ အနီစက်ထွက်နေလား စတဲ့ လက္ခဏာကို ရှာကြည့်ပါ။
  • မရှိဘူးဆိုရင် အင်မတန်ကောင်းပါတယ်။ ရှိနေခဲ့ရင်တော့ နီးစပ်ရာ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။

ပြောပြခဲ့တဲ့ လက္ခဏာတွေကြောင့် ရင်သားကင်ဆာရှိ မရှိ စောစောသိရရင် ကုသဖို့ ပိုလွယ်တာမို့ စမ်းကြည့်ကြပါ။ ဆွေမျိုးနီးစပ် အသိုင်းအဝိုင်းထဲမှာ ရင်သားကင်ဆာဖြစ်ဖူးသူရှိရင် ဖြစ်နိုင်ချေရှိတာမို့ ပိုသတိထားပါ။ အမျိုးသားများကလည်း ကိုယ့်ရဲ့ပတ်ဝန်းကျင်က အမျိုးသမီးတွေကို ရင်သားကင်ဆာနဲ့ပတ်သတ်ပြီး သိသလောက်ပြောပြပါ။ အသက်အရွယ်မရွေးဖြစ်နိုင်လို့ စစ်ဆေးကြည့်ဖို့ တိုက်တွန်းပါ။
crd….ရန်ကုန်သူမီရှဲ

<nobraday>