တရားမဝင်သစ်၊ လုပ်ငန်းသုံးပစ္စည်း၊စားသောက်ကုန်နှင့် ယာဉ်များ သိမ်းဆည်းရမိ

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦး ဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင် ရွက်လျက်ရှိရာ နိုဝင်ဘာ ၁၄ ရက်တွင် ဧရာဝတီ တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူး ပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင် ရွက်ခဲ့ရာ လပွတ္တာခရိုင်၌ တရားမဝင်ကျွန်းသစ် ၁၆ ဒသမ ၀၇၉ တန်၊ အခြားသစ် ၁၁ ဒသမ ၄၈၃ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆,၂၈၁,၇၉၂)ကို လည်း ကောင်း၊ ပုသိမ်ခရိုင်၌ တရားမဝင် အခြား သစ် ၁ ဒသမ ၅၄၆ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၅,၄၀၀)ကို လည်းကောင်း၊ ဖျာပုံခရိုင်၌ အခြားသစ် ၄ ဒသမ ၈၆၇ တန်နှင့် ရေစုပ်စက် တစ်လုံး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၄၀,၇၀၄)ကို လည်း ကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၁၆,၈၄၇,၈၉၆ ကို သိမ်းဆည်းရမိခဲ့ပြီး သစ် တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

       ထို့ပြင် နိုဝင်ဘာ ၁၇ ရက်တွင် ရှမ်းပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှု များဆောင်ရွက်ခဲ့ရာ မူဆယ်မြို့ ဆင်ဖြူဂိတ်အကျော်လမ်းဘေး တစ်နေရာတွင် စုပုံထားသော အကောက်ခွန်မဲ့ပစ္စည်းများဖြစ်သည့် ONDA Motherboard Without CPU cl: Computer Monitor အလုံး ၁၃၀ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆,၁၀၀,၀၀၀)ကိုသိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ် နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

      ထို့အတူ နိုဝင်ဘာ ၁၇ ရက်တွင် အကောက်ခွန်ဦး စီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မရမ်း ချောင်အမြဲတမ်းစစ်ဆေးရေးစခန်း၌ မုပ္ပလင်-စွပွနူး-အင်္ဂဘိုရှောင်ကွင်းလမ်းအတွင်း မသင်္ကာဖွယ်ရပ်တန့်ထားသော လိုင်စင်မဲ့ Toyota Mark II ယာဉ်တစ်စီး(ခန့်မှန်းတန်ဖိုးငွေကျပ် ၆,၀၀၀,၀၀၀) ၊လိုင်စင်မဲ့ Royal Enfield ဆိုင်ကယ်တစ်စီး (ခန့် မှန်းတန်ဖိုးငွေကျပ် ၃,၀၀၀,၀၀၀)နှင့် မော်လမြိုင်မြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော ယာဉ် တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက် အထား တင်ပြနိုင်ခြင်းမရှိသည့် M-150 အား ဖြည့်အချိုရည် ပုလင်း ၄၅၀၀ အပါအဝင် ကုန် ပစ္စည်းနှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၇၀၀,၀၀၀)၊ အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Fuso Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀,၀၀၀,၀၀၀) စုစု ပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၄၁,၇၀၀,၀၀၀ ကို သိမ်း ဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့် အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

      ထို့ပြင် နိုဝင်ဘာ ၁၈ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ရာတွင် တောင် ငူခရိုင်၊ ပြည်ခရိုင်နှင့် သာယာဝတီခရိုင်တို့အတွင်း၌ တရားမဝင်ကျွန်းသစ် ၁၃ ဒသမ ၇၈၀ တန်၊ အခြားသစ် ၁၄ ဒသမ ၉၅၄ တန် စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၇,၀၁၄,၉၄၆)ကို သိမ်း ဆည်းရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေး ယူဆောင်ရွက်လျက်ရှိသည်။

      သို့ဖြစ်ပါ၍ နိုဝင်ဘာ ၁၄ ရက်၊ ၁၇ ရက်နှင့် ၁၈ ရက်တို့တွင် သိမ်းဆည်းရမိမှု စုစုပေါင်း မှာ အမှုတွဲ ၁၀ မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၁,၆၆၂,၈၄၂) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော် မတီမှ သိရသည်။