တိုက်ပွဲများအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင် ၈၀ ဦး သေဆုံးတယ်လို့ Khit Thit မှ သတင်းအမှားရေး

အောက်တိုဘာလအတွင်း ရေတာရှည်မြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF၊ ပုဝါနီစစ်ကြောင်းနှင့် ပူးပေါင်းတပ်ဖွဲ့များသည် တပ်မတော်စစ်ကြောင်းနှင့် တိုက်ပွဲ ၁၁ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ စစ်ကြောင်းမှူး ၂ ဦး အပါအဝင် ၈၀ ဦး ထက်မနည်းသေဆုံးပြီး ၃၄ ဦးအထက် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Khit Thit မှ ရေးသားထားတာတွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ *** အောက်တိုဘာလအတွင်း ရေတာရှည်မြို့နယ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် PDF များ ထိတွေ့တိုက်ပွဲ ၆ ကြိမ်ဖြစ်ပွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင် ၄ ဦးသာဒဏ်ရာရရှိခဲ့ကာ ၁ ဦးမှာ အနည်းငယ်ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး ၃ ဦးကတော့ မစိုးရိမ်ရကြောင်း တပ်တွင်းသတင်းများအရ သိရှိခဲ့ရပါတယ်။ PDF များ အလှူခံတောင်းစားလို့ကောင်းအောင် Khit Thit မှ အမှန်မရေးဘဲ အများပြည်သူများအထင်အမှတ်မှားစေရန် လိုင်းပေါ်ကနေ တစ်ဖက်သတ်အမြတ်ထုတ်ကာ စိတ်ကူးယဉ်ရေးသားထားခြင်းသာဖြစ်ပါတယ်။