အကြမ်းဖက်အားပေးမီဒီယာများမှ ထုတ်ပြန်ထားသည့် သတင်းတု/သတင်းမှားများ

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် မဟုတ်မမှန်ရေးသားထုတ်လွှင့်ခဲ့သည့် သတိပြုဖွယ် သတင်းအတုနှင့် သတင်းအမှားများပဲ ဖြစ်ပါတယ်-

 ဖေဖော်ဝါရီလ ၁၁ ရက်နေ့၌ မုံရွာ-မန္တလေးလမ်းပိုင်း၊ ရွာမနှင့် လယ်ကြီးကျေးရွာအကြားတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ခရီးသွားပြည်သူများနှင့် ဒေသခံများအား ဖမ်းဆီးခြင်းမရှိခဲ့သော်လည်း Mizzima မှ လုံခြုံရေးတပ်ဖွဲ့ဝင်များအား အများပြည်သူများ အထင်အမြင်လွဲမှားစေရန် လုပ်ဇာတ်ဆင်ကာ အရှက်မဲ့စွာ ဝါဒဖြန့်ရေးသားခြင်းသာဖြစ်ပါတယ်။

 ဖေဖော်ဝါရီလ ၁၁ ရက်နေ့၌ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ မုပ္ပလင်လမ်းဆုံ စစ်ဆေးရေးဂိတ်နှင့် စစ်တောင်းတံတားထိပ်ရှိ လုံခြုံရေးဂိတ်တို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ဒရုန်းဖြင့် တိုက်ခိုက်ခံရခြင်းမရှိခဲ့သော်လည်း Mizzima မှ လုံခြုံရေးတပ်ဖွဲ့ဝင် ၁ ဦး သေဆုံးတယ်ဆိုပြီး လုပ်ဇာတ်ဆင်ကာ လုပ်ကြံရေးသားခြင်းသာဖြစ်ပါတယ်။

 ဖေဖော်ဝါရီလ ၇ ရက်နေ့၌ မြိုင်မြို့နယ် ကနီကျေးရွာအနီးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် PDF များ တိုက်ပွဲဖြစ်ပွားခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင် ၁ ဦးသာကျဆုံးခဲ့ပြီး ၈ ရက်နေ့တွင် ဖြစ်စဉ်မရှိခဲ့သော်လည်း Khit Thit မှ လုံခြုံရေးတပ်ဖွဲ့ဝင် ၉ ဦး သေဆုံးတယ်ဆိုပြီး အမြတ်ထုတ်ကာ လိမ်ညာရေးသားထားခြင်းသာဖြစ်ပါတယ်။

 ဖေဖော်ဝါရီလ ၈ ရက်နေ့၌ ရွှေဘိုမြို့၊ ရွှေဒါးကျောင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရတဲ့ဖြစ်စဉ်မရှိသော်လည်း Khit Thit မှ လုံခြုံရေးတပ်ဖွဲ့ဝင်များ ဒရုန်းဖြင့် တိုက်ခိုက်ခံရ၍ ၇ ဦး သေဆုံးတယ်ဆိုပြီး လုပ်ဇာတ်ဆင်ကာ စိတ်ကူးယဉ်ရေးသားထားခြင်းသာဖြစ်ပါတယ်။

 ဖေဖော်ဝါရီလ ၇ ရက်နေ့၌ ဇရပ်ကြီးမြို့ရှိ တပ်မတော်၏ ခလရ ၇၃ တပ်ရင်းအား KNU/ PDF အဖွဲ့များ အင်အားအလုံးအရင်းဖြင့် လာရောက်တိုက်ခိုက်ခဲ့ရာတွင် လုံခြုံရေးတပ်ဖွဲ့ဝင် ၆ ဦး ကျဆုံးခဲ့ပြီး KNU/ PDF များမှာ ၎င်းတို့အဖွဲ့ရဲ့ အလောင်းများကို ပြည်သူပိုင်ကုန်ကား ၄ စီးဖြင့် သယ်ဆောင်ထွက်ပြေးရခြင်းကို Khit Thit မှ အမှန်မရေးဘဲ ဗြောင်လိမ်ဖုံးကွယ်ကာ လုံခြုံရေးတပ်ဖွဲ့ဝင် ၇၀ ဦးခန့် သေဆုံးတယ်ဆိုပြီး အရှက်ပြေရေးသားထားခြင်းသာဖြစ်ပါတယ်။

 ဖေဖော်ဝါရီလ ၁၁ ရက်နေ့၌ အုတ်ဖိုမြို့နယ်ရှိ တပ်မတော်ရဲ့ ရှင်းလင်းဆောင်စခန်းအား KNU/ PDF အဖွဲ့များ အင်အားသုံးကာ လာရောက်တိုက်ခိုက်ခဲ့ရာတွင် လုံခြုံရေးတပ်ဖွဲ့ဝင် ၁ ဦးသာ ဆက်သွယ်မှု ပြတ်တောက်ခဲ့ရခြင်းကို Khit Thit မှ အမှန်မရေးဘဲ ပုံကြီးချဲ့အမြတ်ထုတ်ကာ လုံခြုံရေးတပ်ဖွဲ့ဝင် ၁၅ ဦး သေဆုံးတယ်ဆိုပြီး လိမ်ညာရေးသားထားခြင်းသာဖြစ်ပါတယ်။

 ဖေဖော်ဝါရီလ ၁၁ ရက်နေ့၌ မုံရွာ- အရာတော်လမ်းပိုင်း စီးပွားရေးတက္ကသိုလ်အနီးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ခရီးသွားပြည်သူများနှင့် ဒေသခံများကို ဖမ်းဆီးခြင်းမရှိသော်လည်း Khit Thit မှ လုံခြုံရေးတပ်ဖွဲ့ဝင်များကို အများပြည်သူများ မုန်းတီးစေရန် စစ်မှုထမ်းဥပဒေကို မနာလိုသဖြင့် တိုက်ခိုက်လို၍ လုပ်ဇာတ်ဆင်ပြီး အပုတ်ချရေးသားထားခြင်းသာဖြစ်ပါတယ်။

FACT-CHECK